Thursday, January 11, 2024

“စစ်မြေပြင်မှာရှုံးလေ အရပ်သားလူထုကို တမင်တကာဗုံကြဲလေဖြစ်နေတယ်”


“စစ်မြေပြင်မှာရှုံးလေ အရပ်သားလူထုကို တမင်တကာဗုံကြဲလေဖြစ်နေတယ်”

- ဦးကျော်ဇော (သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် - အမျိုးသားညီညွတ်ရေးအစိုးရ)

(၁၁- ၁- ၂၀၂၄)

“စစ်ကောင်စီတပ်ဟာ စစ်မြေပြင်မှာ တပွဲပြီးတပွဲရှုံး၊ တမြို့ပြီးတမြို့အသိမ်းခံနေရတာကို ပြန်တိုက်နိုင်ခြင်းမရှိတဲ့အတွက် စိတ်မူမမှန်ဖြစ်လာပြီး အရပ်သားလူထုကို တမင်တကာ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်လာနေတာဖြစ်တယ်။ စစ်ကောင်စီကို အမြန်ဖြုတ်ချနိုင်မှ ဒီဗုံးဒဏ်ကနေ လွတ်မြောက်မှာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇောက ပြောပါတယ်။

NUG နဲ့ မဟာမိတ် ERO တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့မြို့ပြဒေသတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲမှုဆက်တိုက်လုပ်လာတာ၊ အရပ်သားသေဆုံးမှူများလာတာတွေကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- NUG နဲ့ ERO တွေ သိမ်းပိုက်ထားတဲ့မြို့ပြဒေသနဲ့ ကျေးလက်နယ်မြေ ဘယ်လောက်အထိကျယ်ပြန့်နေပြီလဲ...

- စစ်တပ်က လေယာဉ်နဲ့ မကြာခန ဗုံးလာကြဲနေတာကို ဘယ်လိုကာကွယ်ကြမလဲ...

- မြို့ပြအုပ်ချုပ်ရေး ပြန်တည်ဆောက်တဲ့အခါ CDM ဝန်ထမ်းတွေကို ဦးစားပေးခန့်အပ်သလား...

- ၂၀၂၄ ပထမ ၄ လအတွင်း နောက်ထပ် မြို့ပြနဲ့ကျေးလက် ဘယ်လောက်များများ ထပ်သိမ်းနိုင်ခြေရှိသလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More