Friday, January 19, 2024

“ကာ-ချုပ်နဲ့ ဒုကာ-ချုပ်ကြား ဂိုဏ်းဂဏအားပြိုင်မှုု အပြင်းထန်ဆုံးဖြစ်နေချိ...


“ကာ-ချုပ်နဲ့ ဒုကာ-ချုပ်ကြား ဂိုဏ်းဂဏအားပြိုင်မှုု အပြင်းထန်ဆုံးဖြစ်နေချိန်မှာ လူထုနဲ့အမြန်ပူးပေါင်းဖို့လိုတယ်” 

ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံ အုပ်ချုပ်ရေးကော်မီတီ - IEC)

(၂၀- ၁- ၂၀၂၄)

“တိုက်ပွဲကြီးတွေမှာ ဗိုလ်မှူးချုပ်အဆင့်အထိ လက်နက်ချတာ၊ အဖမ်းခံရတာတွေဖြစ်လာနေတဲ့ လက်ရှိတပ်မတော်အနေအထားနဲ့ပတ်သက်ပြီး ကာ-ချုပ်နဲ့ ဒုကာ-ချုပ်ကြားမှာ ဂိုဏ်းဂဏ အားပြိုင်မှု အပြင်းထန်ဆုံးအချိန်ကိုရောက်နေတယ်။ ဒီလိုအချိန်မှာ တပ်မတော်သားတွေအနေနဲ့ အာဏာလုနေတဲ့ ကာ-ချုပ်တွေကိုချန်ထားပြီး လူထုနဲ့အမြန်ုဆုံး ပူးပေါင်းဖို့လိုတယ်” လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဘက်ပြောင်းရေးအစီအမံ အုပ်ချုပ်ရေးကော်မီတီ ညွန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

လက်ရှိ ကရင်နီဒေသအတွင်း စစ်ကောင်စီတပ်တွေရဲ့အခြေအနေ၊ လောက်ကိုင် ဒကစ လို အစုအပြုံလိုက် လက်နက်ချအောင် စည်းရုံးနိုင်မယ့်အလားအလာ၊ ကာ-ချုပ်ကိုဖြုတ်ပြီး ဒုကာ-ချုပ်နဲ့အစားထိုးဖို့ တောင်းဆိုနေမှုအခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက
ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းထဲမှာ...

- လွိုင်ကော်၊ ဖယ်ခုံအပါဝင် ကရင်နီဒေသအတွင်းရှိ စစ်ကောင်စီစခန်းတွေဆီ စည်းရုံးရေးဆင်းနိုင်မှု အနေအထား ဘယ်လိုရှိသလဲ...

- ဗျုဟာမြောက်မြို့ကြီးတွေကို သိမ်းနိုင်ရင် နယ်မြို့ငယ်တွေရှိ စစ်စခန်းတွေက စစ်သားတွေ အစုံအပြုံလိုက် လက်နက်ချလာနိုင်သလား...

- ဗိုလ်မှူးချုပ် ၆ ဦးလက်နက်ချပြီး တဦး အရှင်အဖမ်းခံထားရတဲ့အထိဖြစ်နေတဲ့ လက်ရှိစစ်တပ်ခေါင်းဆောင်တွေအပေါ် အောက်ခြေစစ်သားတွေ ဘယ်လိုမြင်သလဲ...

- ကာ-ချုပ်ကိုဖြုတ်ပြီး ဒုကာ-ချုပ်နဲ့ အစားထိုးပေးပါဆိုတဲ့တောင်းဆိုချက်ဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့မတိုင်ခင် တကယ်ဖြစ်လာနိုင်သလား...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More