Thursday, January 11, 2024

“ပလက်ဝနှင့် ဖယ်ခုံမှာတိုက်ပွဲပြင်းထန်၊ အညာမှာတော့ ပျုစောထီးစခန်းကို PDF ...


“ပလက်ဝနှင့် ဖယ်ခုံမှာတိုက်ပွဲပြင်းထန်၊ အညာမှာတော့ ပျုစောထီးစခန်းကို PDF က သိမ်းပိုက်”

(၁၂- ၁- ၂၀၂၃)

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းနိုင်ရေး ရက္ခိုင့်တပ်တော် AA က ဆက်လက်ဆောင်ရွက်နေတဲ့အတွက် ဒီနေ့မှာလည်း မနေ့ကလိုပဲ တိုက်ပွဲပြင်းထန်နေတယ်လို့ ည ၁၂ နာရီမှာထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး ၇၇ ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မင်းပြားမြို့မှာတော့ တိုက်ပွဲမဖြစ်ပဲနဲ့ စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်၊ Mi-35 ရဟတ်ယာဉ်နှင့် စစ်သင်္ဘောတွေကနေ ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင်...

- လားရှိုးမြို့နယ်ဝန်းကျင်က ရွာ ၆ ရွာကို စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်ဖြင့် (၉) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၁၅) ကြိမ်လာပြီး ဗုံး (၁၃၀) အထိကြဲခဲ့တယ်လို့ TNLA က ပြော...

- ပြင်ဦးလွင်မြို့နယ်အနီးက ကျောက်မဲလေးစခန်းကို TNLA နဲ့ MDY-PDF ပူးပေါင်းတပ်တွေက သိမ်းလိုက်ပြီလို့သတင်းထွက်ပေါ်...

- ဖယ်ခုံရဲစခန်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်...

- စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီနှင့်ပျုစောထီးတပ်စခန်းကို PDF တွေက သိမ်းပိုက်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More