Tuesday, January 23, 2024

“မင်းပြားသို့ စစ်ကူလာသောအဖွဲ့ကို AA ချေမှုန်း၊ မြစ်ကြီးနား-ဗန်မော်ကားလမ်...


“မင်းပြားသို့ စစ်ကူလာသောအဖွဲ့ကို AA ချေမှုန်း၊ မြစ်ကြီးနား-ဗန်မော်ကားလမ်းရှိ တပ်စခန်းကို KIA တိုက်ခိုက်” (နောက်ဆုံးရ တိုက်ပွဲသတင်းများ)

(၂၄- ၁- ၂၀၂၄)

ရက္ခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့မှာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား မနေ့က (ဇန် ၂၃) ရင်ဆိုင်တိုက်ပွဲရှိခဲ့တယ်လို့ ည ၁၂ နာရီမှာ ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၈၉) ရက်မြောက်ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် မင်းပြားမြို့ပေါ်သို့ ရေတပ်သဘောင်္ဖငြ့် စစ်ကူရောက်လာတဲ့အဖွဲ့ကို AA က ချေမှုန်းနိုင်ခဲ့တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်တို့မှာတော့ စစ်ကောင်စီဖက်က စစ်ရေးပြင်ဆင်မှုနှင့် စစ်အင်အားတိုးချဲ့မှုလုပ်နေတဲ့အတွက် စစ်ဘောင်ထပ်ကျယ်လာမယ့်သဘောရှိနေတယ်လို့ AA က သတိပေးထားပါတယ်။

ဒါ့အပြင်...

-  အိန္ဒိယဖက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လာခေါ်တဲ့ စစ်တပ်လေယာဉ် အိန္ဒိယမှာ ပြေးလမ်းချော်...

- မြစ်ကြီးနား-ဗန်းမော်လမ်းမှာ စကစနှင့် KIA ကြား တိုက်ပွဲပြင်းထန်နေ...

-  မိန့်ဝိန်းကြီးတိုက်ပွဲမှာ ဖမ်းမိတဲ့ ဒုရင်းမှုးအပါဝင် စစ်သုံးပန်း ၃၀ ခန့်ကို ကောင်းမွန်စွာ စောင့်ရှောက်ထား...

- ပုလဲ-ယင်းမာပင်-ဆားလင်းကြီး သုံးမြို့နယ် အစပ်နားမှာတိုက်ပွဲဖြစ်၊ လက်နက်တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More