Sunday, January 28, 2024

“မင်းပြား ခမရ (၃၈၀) တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်၊ ပဲခူးတိုင်းက တိုက်...


“မင်းပြား ခမရ (၃၈၀) တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်၊ ပဲခူးတိုင်းက တိုက်ပွဲမှာ စစ်ကောင်စီ ၇၀ ကျော်ကျဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၉ - ၁- ၂၀၂၄)

ရက္ခိုင်ဒေသ၊ မင်းပြားမြို့ရှိ စစ်ကောင်စီတပ် “ခမရ (၃၈၀) တပ်ရင်း” ကို ဇန်နဝါရီ ၂၈ မှာ ရက္ခိုင့်တပ်‌‌တော် (AA) က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ည ၁၂ နာရီမှာထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၉၄) ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်တို့မှာတော့ အရင်နေ့တွေကအတိုင်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ AA ကပြောပါတယ်။ ဒါ့အပြင် ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်တံတားစခန်းအနီးမှာလည်း မနေ့က တိုက်ပွဲထပ်ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင်...

- ဆီဆိုင်မြို့နှင့် ပအိုဝ်းကျေးရွာတွေကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့က လေယာဉ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်နေဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြောဆို...

- ကရင်နီပြည် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ စစ်ကောင်စီတပ် အမှတ်(၂) ကျောက်ကြားစခန်းကို KNDF က သိမ်းပိုက်...

- ပဲခူးတိုင်း မုန်းမြိုနယ်ဖက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က (၇၂) ဦးသေဆုံး၊ (၇၈)ဦး ဒဏ်ရာရ...

- တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခလရ (၅၆၁) နှင့် PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၁) တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၁၂ ဦးသေဆုံး...

- အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကချင်ဒေသရှိ သိမ်းပိုက်စခန်းတွေကို သွားရောက်စစ်ဆေး...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More