Wednesday, January 31, 2024

“မြောက်ဦးရှိ ခမရ (၅၄၀) တပ်ရင်းကို AA သိမ်းပိုက်၊ ဆီဆိုင်မှာ PNLA က လက်နက...


“မြောက်ဦးရှိ ခမရ (၅၄၀) တပ်ရင်းကို AA သိမ်းပိုက်၊ ဆီဆိုင်မှာ PNLA က လက်နက် ၅၀ ကျော်ရရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁- ၂- ၂၀၂၄)

ရခိုင်ပြည်နယ် မြောက်ဦး အခြေစိုက် ခမရ (၅၄၀) တပ်ရင်းတခုလုံးကို ဇန်နဝါရီ (၃၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ်မှာ ရက္ခိုင့်တပ်တော် AA က အပြီးသိမ်းပိုက်လိုက်ပြီလို့ ည ၁၂ နာရီထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၉၇) ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ကျန်ရှိနေသေးတဲ့ မြောက်ဦးအခြေစိုက် အခြားတပ်ရင်း ၂ -ရင်းကိုလည်း တစ်ပြိုင်တည်း AA က ထိုးစစ်ဆင်နေပြီး ကမ္ဘာ့အမွေအနှစ်၊ ရက္ခိုင့်အမွေအနှစ်တွေကို လုယက် ဖျက်ဆီးနေတဲ့ ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈) တပ်ရင်း အားလုံးကို ချေမှုန်းမှာဖြစ်တယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင်...

- မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်တို့မှာ အရင်နေ့တွေကအတိုင်း တိုက်ပွဲပြင်းထန်နေပြီး ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ ဇန်နဝါရီ ၃၁ မှာ တိုက်ပွဲစဖြစ်...

- ရှမ်းတောင် ဆီဆိုင်မှာ စစ်ကောင်စီထံကနေ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က လက်နက် ၅၀ သိမ်းမိ..

- စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေဟာ ပျူစောထီးတွေနဲ့ပေါင်းပြီး ထိုးစစ်ဆင်နေဟုဆို...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More