Wednesday, January 24, 2024

”ပေါက်တောမြို့ကို AA သိမ်းပိုက်၊ နမ့်ဖတ်ကာစခန်းကို KIA က သိမ်း”(နောက်ဆုံ...


”ပေါက်တောမြို့ကို AA သိမ်းပိုက်၊ နမ့်ဖတ်ကာစခန်းကို KIA က သိမ်း”
(နောက်ဆုံးရ တိုက်ပွဲသတင်းများ)

(၂၅- ၁- ၂၀၂၄)

ရခိုင်ပြည်နယ်က ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA)က ဇန်နဝါရီ ၂၄ မှာ အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်တယ်လို့ ည ၁၂ နာရီမှာ ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး ရက် (၉၀) မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ဒါဟာ ပလက်ဝမြို့ကို သိမ်းပြီးတဲ့နောက် AA က သိမ်းတဲ့ ဒုတိယ မြို့ဖြစ်ပါတယ်။

ဒါအ့ပြင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များရှိ လက်နက်ချအညံ့မခံသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့  AA  ကြားမှာ တိုက်ပွဲပြင်းထန်နေတယ်။ တချိန်တည်းမှာပဲ ရမ်းဗြဲမြို့မှာလည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ AA ကပြောပါတယ်။

ဒါ့အပြင်...

- ကိုးကန့်နယ်မှာတော့ (MNDAA) အခြေစိုက်တပ်စွဲထားတဲ့နေရာကို စကစ အင်အား (၃၀) ကျော်က လျှပ်တပျက်ဝင်လာတိုက်တဲ့အတွက် MNDAA ရဲဘော်တဦး ကျဆုံး...

- ကွတ်ခိုင်နဲ့ မူဆယ် ၁၀၅ မိုင်ကြားရှိ နမ့်ဖတ်ကာရွာက ခလရ (၁၂၃) တပ်စခန်းကို KIA က အပြီးသိမ်းပိုက်...

- ဘက်ပြောင်းလာသူတွေကို “လက်ရှိရာထူးရာခံများအတိုင်း တော်လှန်ရေးအစိုးရဘက်တွင် ပြန်လည် ထမ်းဆောင်ရန် စီမံဆောင်ရွက်ပေးမည်” လို့ KNDF က ကြေညာ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More