Wednesday, January 3, 2024

“ချင်းလက်၀ စခန်းကုန်းကို AA သိမ်းပိုက်၊ စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA ပစ်ခ...


“ချင်းလက်၀ စခန်းကုန်းကို AA သိမ်းပိုက်၊ စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA  ပစ်ချနှင့် တိုက်ပွဲသတင်းများ....

(၄- ၁- ၂၀၂၄)

ဒီဇင်ဘာ ၃ ရက်နေ့ ည ၁၂ နာရီအထိ ရထားတဲ့သတင်းတွေထဲက ပလက်ဝမြို့နယ်ရှိ ခမောင်ဝနဲ့ ချင်းလက်၀ စစ်ကောင်စီတပ် စခန်းကုန်းတွေကို ရခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်တဲ့သတင်း အရင်ဆုံးတင်ပြချင်ပါတယ်။

ဒီစခန်း ၂ ခု သိမ်းပိုက်ရေးအတွက် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ပြီး ခမောင်းဝစခန်းကို ဇန်နာဝါရီ ၂ ရက်နေ့၊ ချင်းလက်ဝစခန်းကို ဒီနေ့ (ဇန်နဝါရီ ၃) မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်တွေနဲ့အတူ လက်နက်-ခဲယမ်းများစွာကို သိမ်းမိတယ်လို့ AA က ည ၁၁ နာရီခန့်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပလက်ဝဒေသမှာ ကျန်နေသေးတဲ့ “ပလက်ဝ (၂၈၉) ဗျူဟာကုန်း” နှင့် “မီးဝဗျူဟာကုန်း”၊ ပြီးတော့ ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ် ၈ ခု၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ “တောင်ရှည်တောင် ဗျူဟာကုန်း” တို့ကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရေး AA က အရှိန်မြင့်ဆောင်ရွက်နေတယ်လို့ ည ၁၂ နာရီထုတ်ပြန်တဲ့ AA နှင့် ညီနောင် ၃ ဖွဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒ့ါအပြင်...

- ကွတ်ခိုင်၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး နောင်ချိုတိုက်ပွဲမှာဆိုရင် TNLA နဲ့အတူ MDY-PDF (မန္တလေး) တပ်တွေပါ ပါဝင်တိုက်နေ...

- ကချင်ပြည်နယ်မှာတော့ ဝိုင်းမော်မြို့နယ်တွင်းရှိ နာဖော့စစ်တပ်စခန်းဆီ ရိက္ခာနဲ့ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဲ့ ထောက်ပို့စစ်ရဟတ်ယာဉ်တစီးကို KIA က ပစ်ချ...

- ရဟတ်ယာဉ်ပေါ်ပါ စစ်သား ၆ ဦးသေဆုံးပြီး လေယာဉ်မှုးကို အရှင်မိထားတယ်လို့ သတင်းတွေထွက်နေ...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More