Friday, January 5, 2024

“လောက်ကိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်လက်နက်ချ၊ တအာင်းနဲ့ ရခိုင်...


“လောက်ကိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်လက်နက်ချ၊ တအာင်းနဲ့ ရခိုင်းဖက်မှာ တိုက်ပွဲပြင်းထန်...”

(၆- ၁- ၂၀၂၄)

ဇန်နဝါရီ ၅ ရက်နေ့ ည ၁၂ နာရီအထိ ရထားတဲ့သတင်းတွေထဲက ကိုးကန့်ဒေသ လောက်ကိုင်မြို့ှရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်ချလိုက်တာကို အရင်ဆုံးတင်ပြချင်ပါတယ်။

ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)အပါဝင် စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) တွေ၊ တပ်မတွေ၊ တပ်ရင်းတွေက ရှိသမျှ တပ်သားတယောက်မကျန် အားလုံး (၂၃၈၉) ဦး ညီနောင် ၃ ဖွဲ့ထံ ဒီနေ့ (ဇန်နဝါရီ ၅ ရက်)မှာ လက်နက်ချခဲ့တယ်လို့ ည ၁၂ နာရီခန့်မှာထုတ်ပြန်တဲ့ ညီနောင် ၃ ဖွဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

လက်နက်ချသူတွေထဲမှာ ဗိုလ်မှူးချုပ်အဆင့် ၆ ဦးအပါဝင် အရာရှိ (၂၂၈) ဦး၊ တပ်သားနှင့်အခြားအဆင့် (၁၈၉၅) ဦးပါဝင်ပြီး မိသားစုဝင်က (၁၆၀၁) ဦးပါတယ်လို့ဆိုပါတယ်။ သူတို့ကို လုံခြုံရာကို ပို့ပေးထားပြီးဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲအနေဖြင့် ပွိုင့် (၂၀၂၂) ကုန်း သို့မဟုတ် ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း”ကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆၆) ဦးလည်း လက်နက် ထပ်ချတဲ့အတွက် (မိသားစုစာရင်းမပါ) အားလုံး ၂၃၈၉ ဦးဖြစ်သွားတာလို့ သိရပါတယ်။

ဒါ့အပြင် ကိုးကန့်နဲ့ ၀ နယ်စပ်ရှိ ဟိုပန်မြို့ကိုလည်း ညီနောင် ၃ ဖွဲ့တပ်တွေက ဒီမနက် ထိန်းချုပ်လိုက်တယ်။ စစ်ကောင်စီတပ်တွေအားလုံး ဒေသတခုလုံးကနေ ဆုတ်ခွာသွားပြီဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ သတင်းတွေပြန့်နေပါတယ်။ ဟိုပန်မြို့ထဲ UWSA တပ်ဖွဲ့တွေ ကားတန်းနဲ့ဝင်လာပြီး မြိုံအုပ်ချုပ်ရေးကို နေရာယူလိုက်တာကိုလည်း အဲဒီပုံတွေထဲတွေ့ရပါတယ်။ 

ဒါ့အပြင်...

-  မိုးမိတ်မြို့နယ်ရှိ (ဆင်ကင်) တပ်စခန်းကို PSLF/TNLA က သိမ်းပိုက်...

-  ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုမျှမကျန် အပြီးသတ်သိမ်းပိုက်နိုင်ရေး (AA) က စစ်ရှိန်မြှင့်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More