Tuesday, January 23, 2024

“ဓညဝတီရေတပ်ဌာနချုပ်ကို AA တိုက်ခိုက်၊ မိန့်ဝိန်းကြီးတပ်စခန်းကို KIA က သိ...


“ဓညဝတီရေတပ်ဌာနချုပ်ကို AA တိုက်ခိုက်၊ မိန့်ဝိန်းကြီးတပ်စခန်းကို KIA က သိမ်းပိုက်” (နောက်ဆုံးရ တိုက်ပွဲသတင်းများ...)

(၂၃- ၁- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ “ဓညဝတီရေတပ်ဌာနချုပ်စခန်း” ကို ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီ ၂၂ မှာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်။ ထိခိုက် ကျဆုံးစာရင်းတော့ အသေးစိပ် မသိရသေးဘူးလို့ ည ၁၂ နာရီမှာထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၈၈) ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်တွေမှာလည်း (AA) နှင့် စစ်ကောင်စီတပ် ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

AA က သီးခြားထုတ်ပြန်တဲ့ ညနေ ၅ နာရီခန့် ကြေညာချက်မျာတော့ မင်းပြားမြို့သို့ စစ်ကူတက်လာတဲ့ ခမရ (၂၀၅) တပ်ရင်းကို ဇန် ၂၀ ရက်နေ့မှာ AA က ကြားဖြတ်တိုကခိုက်တဲ့အတွက်   စစ်ကောင်စီဖက်က အလောင်းတွေပုံကျန်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းမိတယ်။ ဒါ့အပြင် Y8 လေယာဉ်ပေါ်က ချပေးတဲ့ ထောက်ပို့ပစ္စည်းတွေကိုပါ AA က သိမ်းမိတယ်လို့
ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

-  တအာင်းတပ်မတော် (TNLA) အခြေစိုက်ရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၉) မိုင်နှင့်
လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ တိုက်ပွဲဖြစ်...

- မန်စီမြို့နယ် မိန့်ဝိန်းကြီးမှာရှိတဲ့ စစ်ကောင်စီစခန်းကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေကက သိမ်းပိုက်...

-  စစ်ကား ၆ စီးပါ ယာဉ်တန်းကို တန့်ဆည်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက
တိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More