Tuesday, January 2, 2024

“မိုင်းငေါ့မြို့ကို TNLA သိမ်းပိုက်၊ ကျောက်တော် ဗျုဟာကုန်းကို AA ကထိုးစစ...


“မိုင်းငေါ့မြို့ကို TNLA သိမ်းပိုက်၊ ကျောက်တော် ဗျုဟာကုန်းကို AA က
ထိုးစစ်ဆင်နှင့် တိုက်ပွဲသတင်းများ

(၂- ၁- ၂၀၂၃)

ရှမ်းမြောက်ဒေသ၊ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့က စစ်ကောင်စီတပ်စခန်းတွေအားလုံးကို  PSLF/TNLA က ဇန်နာဝါရီ ၁ ရက်နေ့မှာ အပြီးပိုင်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ တအာင်းတပ်မတော်ပြောခွင့်ရက BNN ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး (၃)ရက်ကြာ ဒီဇင်ဘာ ၃၁ ရက်နေ့ ည(၁၁း၄၅)နာရီမှာ ဗျုဟာကုန်းအပါအဝင် ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံး၊ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်...

မိုင်းငေါ့ဟာ ကျောက်မဲမြို့နယ်အတွင်း ဒုတိယ သိမ်းမိတဲ့မြို့ဖြစ်ပြီး ပထမ မြို့ကတော့ မိုင်းလုံဖြစ်ပါတယ်။ အခုဆိုရင် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းမိတဲ့မြို့ ၆ မြို့အထိ ရှိလာပြီဖြစ်ပြီး အဲဒါတွေကတော့ နမ့်ဆမ်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံနဲ့ မိုင်းငေါ့တို့ဖြစ်တယ်လို့ TNLA
က ပြောပါတယ်။

ဒါ့အပြင်...

- လားရှိုး-နမ္မတူ-မန်တုံ- နမ့်ဆမ် လမ်းပေါ်ရှိ အီနိုင်းတံတားကို စစ်ကောင်စီတပ်က  မိုင်းခွဲဖျက်ဆီး...

- ကျောက်တော်မြို့နယ်ရှိ တင်းမဗျူဟာကုန်းနဲ့  ပလက်ဝမြို့နယ်အတွင်းရှိ ချင်းလက်ဝစခန်း( ပလက်ဝ)၊ မီးဝဗျူဟာကုန်း (ပလက်ဝ)နှင့် ပွိုင့် (၃၁၃) ကုန်းတွေ အပြီးသတ်သိမ်းနိုင်ရေး  AA က ထိုးစစ်ဆင်နေ....

- စ်သစ်ကူးညမှာ စစ်ကောင်စီက လေလာဉ်နဲ့ဗုံးကြဲတဲ့အတွက် လောက်ကိုင်မှာ အရပ်သားတဦးသေဆုံး...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More