Sunday, January 21, 2024

“မဘိန်းမြို့ကို KIA သိမ်းပိုက်၊ ကျောက်တော်ရှိ တပ်ရင်းဌာနချုပ် ၂ ခုကို AA...


“မဘိန်းမြို့ကို KIA သိမ်းပိုက်၊ ကျောက်တော်ရှိ တပ်ရင်းဌာနချုပ် ၂ ခုကို AA သိမ်းပိုက် (နောက်ဆုံးရ တိုက်ပွဲသတင်းများ)

(၂၂- ၁- ၂၀၂၄)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ရှိ မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် မဟာမိတ်တွေက ဇန်နဝါရီ ၂၁ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA ပြောခွင့်ရက BNN ကိုပြောပါတယ်။

KIA နဲ့အတူ AA, ABSDF, PDF တွေအားလုံး ပူးပေါင်းဝင်ပြီး မနက် ၉ နာရီလောက်မှာ သိမ်းလိုက်တာဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်အကြောင်းတော့ မသိရသေးပါဘူး။

မိုးမိတ်မြို့မှာလည်း ရဲစခန်း၊ တပ်စခန်းအတော်များများကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းထားလိုက်ပြီဖြစ်ပြီး အသေးစိပ်တော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ 

ဖားကန့်က ဝှေခါစခန်းကို KIA သိမ်းလိုက်ပြီဆိုတာကိုလည်း ဗိုလ်မှူးကြီးက အတည်ပြုပြောကြားပါတယ်။ ဒါပေမယ့် နမ့်ဖတ်ကာမှာတော့ စခန်းမသိမ်းနိုင်သေးပဲတိုက်ပွဲဆက်ဖြစ်နေဆဲလို့ သူကပြောပါတယ်။

ဒါ့အပြင်... 

- မိုးမိတ်မြို့က ရဲစခန်း၊ တပ်စခန်းအတော်များများကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်...

- ရက္ခိုင်ဒေသမှာတော့ ကျောက်တော်အခြေစိုက် အမှတ် (၃၇၇) အမြောက်တပ်ရင်းနှင့် ခမရ (၅၃၉) တပ်ရင်းတို့ကို AA က သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းမိတယ်လို့ သတင်းထုတ်ပြန်...

-  ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေ...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More