Tuesday, January 2, 2024

“ပလက်ဝရှိ ခမောင်းဝစခန်း ကို AA က သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...


“ပလက်ဝရှိ ခမောင်းဝစခန်း ကို AA က သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...

(၃- ၁- ၂၀၂၄)

ဇန်နဝါရီ ၂ ရက်နေ့ ည ၁၂ နာရီအထိရထားတဲ့သတင်းတွေထဲက ပလက်ဝဒေသရှိ “ခမောင်းဝစခန်း” ကို ရက္ခိုင့်တပ်‌တော် (AA) က ဇန်နဝါရီလ (၂) ရက်နေ့မှာ သိမ်းပိုက်လိုက်တာကို အရင်ဆုံးတင်ပြချက်ပါတယ်။

လက်နက်ချအညံ့မခံသေးတဲ့ စခန်းကြီး၊ ငယ်များနှင့်  တစ်ဝက်တစ်ပျက် ကျန်သေးတဲ့ စခန်းများကိုလည်း အခု ရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ည ၁၂ နာရီထုတ်ပြန်တဲ့ AA နှင့် ညီနောင် ၃ ဖွဲ့ကြေညာချက်ကဆိုပါတယ်။

တဝက်တပျက်ကျန်နေသေးတဲ့စခန်းတွေရဲ့အမည်ကို ဒီနေ့ကြေညာချက်မှာဖေါ်ပြမထားပါဘူး။ ဒါပေမယ့် အရင်နေ့ကြေညာချက်တွေအရဆိုရင်တော့ ပလက်ဝမြိုနယ်တွင်းက ချင်းလက်ဝ စခန်း( ပလက်ဝ)၊ မီးဝ ဗျူဟာကုန်း (ပလက်ဝ)နှင့် ပွိုင့် (၃၁၃) ကုန်းတွေကို အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ AA ကပြောထားပါတယ်။

ဒါ့အပြင်...

- တအာင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ် ဒီနေ့ ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်၊ တချိန်တည်းမှာပဲ (TNLA) ဦးဆောင်ပြီး MDY PDF (မန်းလေး ပီဒီအက်) ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့က နောင်ချို မြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်...

- ကိုးကန့်ဒေသမှာတော့ ဆိုက်ဘာမှုခင်းတွေကို အမြစ်ပြတ်တဲ့အထိ ဆက်လုပ်သွားမယ်လို့ (MNDAA) ရဲ့ စစ်ဦးစီးချုပ် ဦးဖုန်တဲရင်ကပြော...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More