Monday, January 8, 2024

“မြောက်ဦး သင်းကျစ်တော်တောင်စခန်းကို AA သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...


“မြောက်ဦး သင်းကျစ်တော်တောင်စခန်းကို AA သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...”

(၉ -၁- ၂၀၂၄)

ရက္ခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်တောင် စစ်ကောင်စီတပ် စခန်းကို ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီမှာ ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်တယ်လို့ AA နှင့် ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အင်အား (၂၀၀) ခန့် ပြီးခဲ့တဲ့ရက်က  AA ထံ လက်နက်ချခဲ့တယ်လို့လည်း  ဆိုပါတယ်။

ဒီနေ့မှာတော့ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်‌ကျေးရွာအနီးရှိ “ဓညဝတီရေတပ်စခန်း”ကို (AA) က ပထမဆုံးအကြိမ် စတင်တိုက်ခိုက်တယ်လို့ ပြောပါတယ်။ ရမ်းဗြဲမြို့မှာလည်း ဒီနေ့ တိုက်ပွဲဖြစ်ပါတယ်။

ပလက်ဝဒေသမှာလည်းတိုက်ပွဲဖြစ်နေပြီး  လက်ကျန်စခန်းကုန်းတွေ သိမ်းပိုက်နိုင်ရေး AA က ဆက်လုပ်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ရှမ်းမြောက်ဒေသမှာတော့ “ကွတ်ခိုင်နဲ့ သိန္နီမြို့တို့ကို ညီနောင်မဟာမိတ်တပ်တွေက မနေ့ ညနေက သိမ်းပိုက်လိုက်တယ်လို့ တအာင်းတပ်မတော် PSLF/ TNLA ပြောခွင့်ရက BNN ကို အတည်ပြုပြောကြား...

- မွန်ပြည်နယ် ရေးမြို့နယ်မှာတော့ ခေါဇာမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေက မီးရှိုဖျက်ဆီးလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့က ကြေညာ...

- တနသာင်္ရီတိုင်းမှာတော့ PDF မွမ်းမံသင်တန်းဆင်းရဲဘော်တွေကို လက်နက်တပ်ဆင်တဲ့အခမ်းအနား ဒီနေ့ ကျင်းပ...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More