Wednesday, January 31, 2024

“BGF ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို KNU က ကြိုဆိုတယ်၊ နှစ် (၃၀) အတွင်...


“BGF ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို KNU က ကြိုဆိုတယ်၊ နှစ် (၃၀) အတွင်း အထူးခြားဆုံး တိုးတက်မှုဖြစ်တယ်”

- ပဒိုစောကလယ်စေး - (ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၃၁- ၁- ၂၀၂၄)

“နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ပိုင်းက စစ်ကောင်စီနဲ့လမ်းခွဲပြီး သီးခြားရပ်တည်မယ်လို့ဆုံးဖြတ်လိုက်တာဟာ ကရင်တမျိုးသားလုံးအတွက် အကျိုးရှိစေတာမို့ KNU က လှိုက်လှဲစွာ ကြိုဆိုတယ်၊ ဒါဟာ နှစ် ၃၀ နိးပါးအတွင်း အထူးခြားဆုံး တိုးတက်မှုလည်းဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအစည်းရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီးစောချစ်သူရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်၊ မြေပြင်အနေအထား ပြောင်းလဲမှု၊ နယ်စပ်ဒေသနဲ့ ပဲခူးရိုးမဝန်းကျင်က တိုက်ပွဲအခြေနေတွေ ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- BGF ဗိုလ်မှူးကြီးစောချစ်သူရဲ့ ဆုံးဖြတ်ချက်အပေါ် KNU က ဘာကြောင့်ကြိုဆိုသလဲ...

- နယ်စပ်ဒေသရှိ အွန်လိုင်း-ငွေလိမ်မှုတွေအပေါ် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ...

- BGF ဘက်ပြောင်းတော့ အခြားအဖွဲ့တွေလည်း ဘက်ပြောင်းလာကြမလား...

- ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲပုံစံနဲ့ KNU ဒေသက တိုက်ပွဲပုံစံကွာခြားနေတာ ဘာကြောင့်လဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း PDF နဲ့ KNLA တို့ ပူးတွဲတိုက်ပွဲဝင်နိုင်မှု ဘယ်လောက်အထိတိုးတက်လာသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More