Friday, January 26, 2024

“မြေပုံမြို့နယ်က ယောချောင်းဗျူဟာကုန်း ကို AA သိမ်းပိုက်၊ ထားဝယ်မြို့နယ်က...


“မြေပုံမြို့နယ်က ယောချောင်းဗျူဟာကုန်း ကို AA သိမ်းပိုက်၊ ထားဝယ်မြို့နယ်က ကျောက်ထုစခန်းကို KNLA, PDF သိမ်းပိုက်နှင့် နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၇- ၁- ၂၀၂၄)

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ “ယောချောင်းဗျူဟာကုန်း” နှင့် ဆက်စပ်ကုန်းတွေကို ရခိုင့်တပ်တော် AA က ဇန်နဝါရီ (၂၆) ရက်၊ မနက်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ ည ၁၂ နာရီမှာ ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၉၂) ရက်မြောက်ကြေညာချက်မှာ ဖေါ်ပြပါတယ်။

(၁၂၂) မမ ဟောင်ဝစ်ဇာ အဝေးပစ်အမြောက်အပါဝင် လက်နက်အများအပြားကို AA က ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေဟာ သဘောၤ ၂ စီးနဲ့ ထွက်ပြေးသွားတယ်လို့ AA က ပြောပါတယ်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်တို့မှာတော့ အရင်နေ့တွေကအတိုင်း တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒါ့အပြင်...

- ရှမ်းတောင်ပိုင်းရှိ ဆီဆိုင်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ တနေကုန်ဗုံးကြဲ တိုက်ခိုက်နေ...

- ထားဝယ်မြို့နယ်က ကျောက်ထု-စစ်ဆင်ရေးခြေကုပ်စခန်းကို KNLA, PDF တပ်တွေက သိမ်းပိုက်...

- ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ ပျူစောထီး အထိုင်စခန်းကို PDF တွေက ဝင်ရောက်တိုက်ခိုက်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More