Saturday, January 13, 2024

”ကျောက်မဲက TNLA စခန်းကို စစ်ကောင်စီတိုက်ခိုက်၊ အပစ်ရပ်သဘောတူချက် ပျက်ပြီ...


”ကျောက်မဲက TNLA စခန်းကို စစ်ကောင်စီတိုက်ခိုက်၊ အပစ်ရပ်သဘောတူချက် ပျက်ပြီလား...”

(၁၃- ၁- ၂၀၂၄)

တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်ပေမှူအရ အခုလ ၁၁ ရက်နေ့ကစပြီး ရှမ်းမြောက်ဒေသမှာ အပစ်ခတ်ရပ်မယ်လို့ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ သဘောတူလက်မှတ်ထိုးလိုက်ပေမယ့် ဒီနေ့မှာတော့ သူတို့တပ်စခန်းနေရာကို စစ်ကောင်စီက အလုံးအရင်းနဲ့ထိုးစစ်ဆင်လာတယ်လို့ ညီနောင် ၃ ဖွဲ့ထဲပါဝင်တဲ့ တအာင်းတပ်မတော် SPLF/ TNLA က ပြောပါတယ်။

ကျောက်မဲမြို့အနီးရှိ (TNLA) စခန်း ငြိမ်းချမ်းရေးကုန်းကို ဒီမနက် ၉ နာရီခန့်မှာ စစ်ကောင်စီတပ် ခမရ-၅၀၁ နှင့် ခမရ-၅၀၂ တို့က ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ TNLA ပြောခွင့်ရက BNN ကိုပြောပါတယ်...

ဒေသခံလူထု ထိခိုက်မှာစိုးတဲ့အတွက် စခန်းကနေ ယာယီ ခွာစစ်ဆင်လိုက်ရတယ်လို့လည်းပြောပါတယ်။ စစ်ကောင်စီဖက်က ဒီလိုတိုက်ခိုက်တာဟာ တရုတ်ရဲ့ကြားဝင်မှုနဲ့ ပူပူနွေးနွေးသဘောတူထားတဲ့ အပစ်ရပ်သဘောတူချက်ကို စစ်ကောင်စီဖက်က ဗြောင် ချိုးဖောက်တာဖြစ်တယ်လို့လည်း TNLA က ဆက်ပြောပါတယ်...

စစ်ကောင်စီဖက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ စစ်ရေး-နိုင်ငံရေး ဖေဝန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဖက်က ဒီလို ကတိမတည်ရင်တော့ တရုတ်က ဘယ်လောက်ပဲဖိအားပေးပေး ဒီအပစ်ရပ်မှုဟာ ရက်ပိုင်းပိုင်းအတွင်း ပြန်ပြန်သွားနိုင်တယ်လို့ ထင်မြင်ချက်ပေးပါတယ်...

ရှမ်းမြောက်ဒေသက တိုက်ပွဲအခြေအနေဖြစ်ပါတယ်။ ရခိုင်စစ်မျက်နှာနဲ့ အခြားဒေသက တိုက်ပွဲသတင်းတွေကိုတော့ မနက်ဖန်မနက်မှာ ဆက်လက်တင်ပြပါမယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More