Wednesday, January 3, 2024

“စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA ပစ်ချနှင့် တိုက်ပွဲသတင်းများ...”


“စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA ပစ်ချနှင့် တိုက်ပွဲသတင်းများ...”

(၃- ၁- ၂၀၂၄)

စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်တစီးကို ရှေ့တန်းတပ်တွေက ပစ်ချလိုက်တယ်လို့ ကချင်လွတ်လပ်ရေးတပ်- KIA ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းဆီ ရိက္ခာနဲ့ခဲယမ်းလာပို့တယ်လို့ယူဆရတဲ့ ရဟတ်ယာဉ် ၂ စီးထဲက တစီးကို ဒီနေ့ ၁၂ နာရီဝန်းကျင်မှာ ပစ်ချလိုက်တာဖြစ်တယ်လို့ KIO/ KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်...

မြေပြင်က အသေးစိပ်သတင်းတော့ သတင်းမေးချိန်အထိ မရသေးပါဘူး။ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ လေယာဉ်ပျက်ကျတဲ့ ဗီဒီယိုကလစ် ဖေါ်ပြထားတာတွေ့ရပါတယ်။

ဒါ့အပြင်....

- ကွတ်ခိုင်မြို့မှာ စကစနဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ...

- ပလက်၀ တာဝါတိုင် စခန်းကုန်းမှာ စကစနဲ့ AA တိုက်ပွဲပြင်းထန်နေ...

- တောင်ငူခရိုင်၊ ထောတထူ (ထန်းတပင်)မြို့နယ်မှာ ရိက္ခာလမ်းကြောင်းဖြတ်ခံရတဲ့ စကစ စစ်သားတွေ စခန်းကိုစွန့်ခွာ ထွက်ပြေး...

- စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဖက်မှာတော့ စစ်ကောင်စီတပ်ကို PDF တွေက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ငယ် ၂ လက်ရ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More