“မြေပြင်အခြေအနေက ပြောင်းလဲသွားပြီ၊ ဗဟိုအစိုးရအထိုင်ကနေ စိတ်ကူးယဉ်နေလို့မရဘူး”
- ဦးစိန်ဌေး (နိုင်ငံရေးဘောဂဗေဒ လေ့လာသူ)
(၂၁- ၁- ၂၀၂၄)
“၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြေပြင်အခြေအနေလုံးဝပြောင်းလဲသွားတဲ့အပြင် စဉ်းစားပုံတွေပါ ပြောင်းလဲသွားပြီဖြစ်တဲ့အတွက် တော်လှန်ရေးမတိုင်ခင်ကရှိခဲ့ဖူးတဲ့ ဗဟိုအစိုးရအထိုင်ကနေ စဉ်းစားနေလို့မရတော့ဘူး။ ဗဟိုချုပ်ကိုင်မှုစနစ်အစား အောက်ခြေကနေ အပေါ်သို့ ဆိုတဲ့စနစ်ကိုပြောင်းလဲ စဉ်းစားဖို့လိုနေပြီ” လို့ နိုင်ငံရေးဘောဂဗေဒ လေ့လာသူ ဦးစိန်ဌေးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့အရှိန်အဟုန်နဲ့အတူ ပြောင်းလဲလာနေတဲ့ မြေပြင်အနေအထား၊ တော်လှန်ရေးလူငယ်တွေရဲ့ပြောင်းလဲလာနေတဲ့စဉ်းစားပုံနဲ့ ဗဟိုအစိုးရဆန်ဆန် ပုံစံခွက်ဟောင်းထဲမှာ ထိုင်စဉ်းစားနေဆဲဖြစ်တဲ့ မူဝါဒချမှတ်သူတွေအကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- ထိုင်းနယ်စပ်မှာလည်း တရုတ်နယ်စပ်လိုပဲ အွန်လိုင်းလောင်းကစား- ကျားဖြန့် နှိမ်နှင်းမှုတွေ မကြာခင် ဖြစ်ပေါ်လာနိုင်သလား...
- ၁၀၂၇ စစ်ဆင်ရေးအတွင်း ပြောင်းလဲလာနေတဲ့ မြေပြင်အခင်းအကျင်းပေါ်မူတည်ပြီး ပေါ်လစီချမှတ်သူတွေ စဉ်းစားပုံ ဘယ်လိုပြောင်းသင့်သလဲ...
- စစ်အနိုင်တိုက်ရေး အရင်လုပ်၊ ကျန်တာနောက်မှဆွေးနွေးဆိုတာကို ဘယ်လိုအကောင်ထည်ဖေါ်ကြမလဲ...
... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment