Friday, January 12, 2024

“စစ်အာဏာရှင်ဖြုတ်ချရေးနဲ့အတူ နိုင်ငံရေးသဘောတူညီချက်တွေ၊ နိုင်ငံရေးစုဖွဲ့...


“စစ်အာဏာရှင်ဖြုတ်ချရေးနဲ့အတူ နိုင်ငံရေးသဘောတူညီချက်တွေ၊ နိုင်ငံရေးစုဖွဲ့မှုတွေကို တ
ပြိုင်တည်းလုပ်ဖို့လိုပါတယ်”

- စိုးဝင်းဆွေ (ပြောခွင့်ရပုဂ္ဂိုလ် - စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့)

(၁၃- ၁- ၂၀၂၄)

“နွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အာဏာရှင်ဖြုတ်ချရေးလုပ်ငန်းစဉ်နဲ့အတူ နိုင်ငံရေးသဘောတူညီချက်တွေ၊ နိုင်ငံရေးစုဖွဲ့မှုလုပ်ငန်းစဉ်တွေကို တပြိုင်တည်းဆောင်ရွက်ဖို့လိုတယ်။ နိုင်ငံရေးသဘောတူညီချက်ရှိရင် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းလာမှာဖြစ်တယ်” လို့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ကိုစိုးဝင်းဆွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ် ဒုတိယအကြိမ် ဆွေးနွေးပွဲရဲ့ ထူးခြားချက်တွေ၊ စစ်အနိုင်တိုက်ရေးလုပ်ငန်းစဉ်ကို ဦးစားပေးနေချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေက ဘာကြောင့် အရေးကြီးသလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) အဖွဲက ဘာတွေဆောင်ရွက်မှာလဲ...

- စစ်အနိုင်တိုက်ရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးသဘောတူညီချက်ရရေးလုပ်ငန်းစဉ်ကို ဘယ်လို ဟန်ချက်ညီဆောင်ရွက်ကြမလဲ...

- ၁၀၂၇ စစ်ဆင်ရေးက စစ်ကိုင်းတိုင်းက အင်အားစုတွေကို ဘယ်လို ခွန်အားတွေ ဖြစ်စေခဲ့သလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More