Thursday, January 25, 2024

“သွေးမြေမကျပဲ လက်နက်နဲ့နယ်မြေရအောင် တိုက်နိုင်တဲ့ စစ်သူကြီးတွေ ရှိနေပြီဆ...


“သွေးမြေမကျပဲ လက်နက်နဲ့နယ်မြေရအောင် တိုက်နိုင်တဲ့ စစ်သူကြီးတွေ ရှိနေပြီဆိုတာကို ပြသလိုက်တာဖြစ်တယ်”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၂၆- ၁- ၂၀၂၄)

“ဗိုလ်မှူးချုပ် ၆ ဦးအပါဝင် တိုက်ခိုက်ရေးအင်အား ၃၀၀၀ ခန့်ကို သွေးမြေမကျစေပဲ လက်နက်တွေရအောင်ယူပြီး နယ်မြေထဲကနေ မောင်းထုတ်နိုင်တယ်ဆိုတာဟာ ခေတ်သစ် စစ်သမိုင်းရဲ့ ထူးခြားချက်ဖြစ်တယ်။ စစ်ကောင်စီတပ်မှာ စစ်တိုက်ချင်စိတ်မရှိတော့ပဲ အနိုင်ကျင့်ချင်စိတ်ပဲ ကျန်တော့တယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

ရှမ်းမြောက်မှာ လက်နက်ချတဲ့ ဗိုလ်မှူးချုပ် ၆ ဦးကို စစ်ခုံရုံးက စစ်ဆေးနေတာ၊ လက်နက်ချမှုတွေ နေ့စဉ်ဖြစ်နေတာ၊ လက်ရှိ စစ်ကောင်စီတပ်မှာ တပ်သားသစ် စုလို့မရအောင်ကို ခက်ခဲနေတာ... စတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...

- လက်နက်ချဖို့ နေပြည်တော်က ခွင့်ပြုပြီးမှ ဘာကြောင့် ဗိုလ်မှူးချုပ် ၆ ဦးကို အရေးယူဖို့ပြင်နေတာလဲ...

- စစ်ကောင်စီတပ်သားတွေမှာ စစ်သားစိတ်မရှိတော့ပဲ အနိုင်ကျင့်ချင်တဲ့ လူဆိုးစိတ်ပဲ ကျန်နေတာ ဘာကြောင့်လဲ...

- သင်တန်းဆရာကိုပါ စစ်ကြောင်းမှုးခန့်ပြီး ရှေ့တန်းထွက်ခိုင်းနေတာဟာ တပ်သားသစ် စုမရတော့လို့လား...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အာဏာသိမ်း ၃ နှစ်ပြည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ စကစ ထိပ်ပိုင်း အပြောင်းအလဲဖြစ်နိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More