Sunday, January 14, 2024

“ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ်မှုက နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကို အဟန်ု...


“ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ်မှုက နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကို အဟန်ု့အတားဖြစ်စေမယ် မထင်ဘူး”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၅- ၁- ၂၀၂၄)

“တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ရှမ်းမြောက်ဒေသမှာ ယာယီအပစ်ရပ်ဖို့ ညီနောင် ၃ ဖွဲ့က သဘောတူလိုက်ရပေမယ့် တိုက်ပွဲတွေ အချိန်မရွေး ထဖြစ်နိုင်တယ်။ ရခိုင်အပါဝင် တနိုင်ငံလုံးမှာ အရှိန်ကောင်းနေတဲ့ နွေဦးတော်လှန်ရေးဟာလည်း ဒီအပစ်ရပ်မှုကြောင့် အရှိန်လျော့ကျသွားဖွယ်မရှိနိုင်ဘူး” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှူကြောင့် စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြား ယာယီအပစ်ရပ်ပြီးတဲ့နောက် ညီနောင် ၃ ဖွဲ့ဟာ အရင်က ကတိပေးထားတဲ့အတိုင်း စစ်ကောင်စီပြုတ်ကျရေးကို ဦးစားမပေးတော့ပဲ သူတို့ ဒေသလွတ်မြောက်ရေးကိုပဲ ဦးစားပေးတော့မလား၊ PDF တွေရဲ့ တိုက်ပွဲ အရှိန်ကျသွားနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- တရုတ်ဖိအားကြောင့်လား၊ ဒါမှမဟုတ် လိုချင်တဲ့နေရာအချို့ကို သိမ်းနိုင်ပြီမို့ အပစ်ရပ်တာမျီုးလား...

- ရှမ်းမြောက်မှာ အပစ်ရပ်ပေမယ့် ရခိုင်နဲ့အခြားဒေသမှာ စစ်ရှိန်ပိုမြင့်လာနိုင်သလား...

- ရှမ်းမြောက်ဒေသ အပစ်ရပ်မှုက နွေဦးတောလှန်ရေးရဲ့အရှိန်အဟုန်ကို အဟန့်အထားဖြစ်စေနိုင်သလား...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အညာစစ်မျက်နှာကို ERO တွေ ဘယ်လိုကူညီပေးနိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More