Thursday, January 18, 2024

“ပြည်သူတရပ်လုံး လိုလားသော ဘုံရည်မှန်းချက်များအတွက် ပုံမှန်အလုပ်လုပ်နေဟု ...


“ပြည်သူတရပ်လုံး လိုလားသော ဘုံရည်မှန်းချက်များအတွက် ပုံမှန်အလုပ်လုပ်နေဟု ညီနောင် ၃ ဖွဲ့ကြေညာ”

(၁၉ -၁- ၂၀၂၄) 

ဇန်နဝါရီ ၁၈ ရက်နေ့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုဖြင့် ရရှိခဲ့သော "ဟိုင်ဂင် သဘောတူညီမှု” သီတင်းတပတ်ပြည့်တဲ့နေ့ဖြစ်တယ်။ စစ်ဆင်ရေးအရှိန် အနည်းငယ်ရပ်တန့်သွားသည်ဟုထင်ရသော်လည်း ၁၀၂၇ စစ်ဆင်ရေးသည် ဆက်လက်ရွေ့လျားလျက်ရှိပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဘုံရည်မှန်းချက်များအတွက် ပုံမှန်အလုပ်လုပ်လျက်ရှိပါသည်လို့ ည ၁၂ နာရီမှာထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၈၄) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ရက္ခိုင်ဒေသရှိ မင်းပြား၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်ရှိ စစ်ကောင်စီလက်ကျန်တပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ရန်ဆက်လုပ်နေတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) က နေ့လည်ပိုင်းမှာ သီးခြားထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ပလက်ဝဒေသ စစ်ကောင်စီ ရှေ့တန်းတပ်မဌာနချုပ် ခလရ (၂၈၉)နဲ့ စကခ (၁၉) တို့ကို သိမ်းမိစဉ်ကရရှိတဲ့ လက်နက်ခဲယမ်းများ မှတ်တမ်းဓာတ်ပုံကို ဖေါ်ပြထားပါတယ်။

ဒ့ါအပြင်...

- မိုးမိတ် အခြေစိုက် စစ်ကောင်စီတပ်က ရွှေဆာလီကျေးရွာအနီးတစ်ဝိုက်သို့ (၁၆) ကြိမ် ဗုံးကြဲတယ်လို့ TNLA က ပြော...

- မိုးမိတ်မြို့ရှိ စစ်ကောင်စီ ရဲစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်က ဝိုင်းထားချိန် စခန်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချဟုဆို...

- ကွတ်ခိုင်မြိုနယ်နဲ့ မူဆယ် ၁၀၅ မိုင်ကြားရှိ နမ့်ဖတ်ကာရွာ ၁၂၃ စစ်ကောင်စီတပ်စခန်းရဲ့ ကာင်းတွေကို KIA က သိမ်းပိုက်...

- မြဝတီမြု့ိအနီးရှိ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က ဗုံးကြဲ...

- ၂၀၂၃ တနှစ်တာအတွင်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ၄၆၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က ၅၀၀၀ ကျော်သေဆုံးဟု KNU သတင်းထုတ်ပြန်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More