Tuesday, January 30, 2024

“ကျောက်တော်ရှိ ခမရ (၃၇၄) ကို AA သိမ်းပိုက် ... နောက်ဆုံးရ တိုက်ပွဲသတင်းမ...


“ကျောက်တော်ရှိ ခမရ (၃၇၄) ကို AA သိမ်းပိုက် ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၃၁- ၁- ၂၀၂၄)

ရက္ခိုင်ပြည်နယ် ကျောက်တော်ရှိ စကခ (၉) လက်အောက်ခံ ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၃၀ မှာ အပြီး သိမ်းပိုက်လိုက်ပြီလို့ ည ၁၂ နာရီမှာ ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၉၆) ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတဲ့ ကြားထဲက အခုလိုသိမ်းလိုက်တာဖြစ်တယ်လို့ AA က ပြောပါတယ်။ သိမ်းမိတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကိုလည်း ဓာတ်ပုံနဲ့တကွ ဖေါ်ပြထားပါတယ်။

မင်းပြားရှိ စကခ (၉) လက်အောက်ခံ ခမရ (၃၈၀) တပ်ရင်းကို ၂၈ ရက်နေ့မှာ သိမ်းပြီးတဲ့နောက် အခု ၂ ရက်အကြာမှာ နောပ်ထပ် အရေးကြီးတပ်ရင်းတခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ဦး၊ မင်းပြားတို့မှာ နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး  ဘူးသီးတောင်၊ မောင်တောမှာတော့ တိုက်ပွဲငယ်တွေဖြစ်နေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

ရမ်းဗြဲမှာတော့ ဇန်နဝါရီ ၃၀ မှာ AA နှင့် စစ်ကောင်စီတပ် မြို့တွင်းတိုက်ပွဲ စတင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေ၊ လက်နက်တွေ၊ ခဲယမ်းတွေ သိမ်းမိထားတယ်။ ရမ်းဗြဲမှာ တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်လို့ ညီနောင် ၃ ဖွဲ့ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒ့ါအပြင်...

- တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်ဒေသက အွန်လိုင်းလိမ်လည်မှုအဖွဲ့ ခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ ၁၀ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်လုံခြုံရေးအဖွဲ့ထံ လွဲအပ်... 

- ချင်းပြည်နယ် မတူပီမြို့နယ် လုံပန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ CDF-Paletwa, CDF-Matupi, CNA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်...

- ရှမ်းတောင်ဒေသ ဆီဆိုင်မှာတာ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ထံ လက်နက်ချ...

- ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ Local PDF ပုဝါနီစစ်ကြောင်းတို့ တိုက်ပွဲဖြစ်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More