Tuesday, January 16, 2024

“ကိုးကန့်ဒေသမှာ တိုက်ပွဲပြန်ဖြစ်၊ ကွတ်ခိုက်မှာ စစ်လေယာဉ် ပစ်ချခံရနှင့် တ...


“ကိုးကန့်ဒေသမှာ တိုက်ပွဲပြန်ဖြစ်၊ ကွတ်ခိုက်မှာ စစ်လေယာဉ် ပစ်ချခံရနှင့် တိုက်ပွဲသတင်းများ...”

(၁၇- ၁- ၂၀၂၄)

ဇန်နဝါရီ ၁၁ ရက်၊ အပစ်ရပ်လက်မှတ်ထိုးပြီးကတည်းက တိုက်ပွဲငြိမ်နေတဲ့ ကိုးကန့်ဒေသမှာ ဇန်နဝါရီ ၁၆ ရက်၊  ညနေ ၄ နာရီမှာ တိုက်ပွဲပြန်ဖြစ်တယ်လို့ ည ၁၂ နာရီမှာ ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၈၂) ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

(MNDAA) အခြေချတပ်စွဲထားတဲ့ ကချင်တောင်အနီး မီတာ (၃၀) အကွာအထိ စစ်ကောင်စီ လက်ကျန်တပ်သားတွေဝင်လာပြီး လက်ပစ်ဗုံးနဲ့တိုက်ခိုက်ရာကနေ မီနစ် ၂၀ ကျော် တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ MNDAA က ပြန်တိုက်တာကို မခံနိုင်လို့ ဆုတ်ခွာသွားပြီးတဲ့နောက် ၆၀ မမနဲ့ ၃ ကြိမ် ပြန်ပစ်သေးတယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒါဟာ တရုတ်ရဲ့ကြားဝင်မှုအရ ဇန်နဝါရီ ၁၁ မှာ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ အပစ်ရပ်လက်မှတ်ထိုးကြောင်း ကြေညာပြီးနောက် ပထမဆုံး ထွက်ပေါ်လာတဲ့ တိုက်ပွဲသတင်းဖြစ်ပါတယ်။

ဒါ့အပြင်...

- မိုးမိတ်၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်က ကျေးရွာတွေဆီ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ နေ့စဉ်ရှိနေဆဲဖြစ်တယ်လို့ TNLA က ပြော...

- ကွတ်ခိုင်နဲ့ မူဆယ်-၁၀၅ မိုင်ကြားရှိ ကုန်သွယ်ရေးလမ်းပေါ်က နမ့်ဖတ်ကာရွာမှာ တိုက်ပွဲဆက်ဖြစ်နေပြီး ဗုံးလာကြဲတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာ တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ် (KIA) က ပစ်ချ...

- တီးတိန်မြို့နယ်ရှိ သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးအဖွဲ့တွေက ဒီနေ့ သိမ်းပိုက်တယ်လို့ CNF က ပြော...

-  ရက္ခိုင်ပြည်နယ် စစ်ကောင်စီတပ်သားတွေ ရာနဲ့ချီလက်နက်ချမှုရှိနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ဗီဒီယိုနဲ့တကွ သတင်းတွေထွက်နေပေမယ့် AA က အတည်ပြုပြောဆိုခြင်းမရှိသေး...

- မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ -ပကဖ- တပ်ဖွဲ့ဝင်တွေ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More