Saturday, January 27, 2024

“ခြေလေးတလှမ်း လှမ်းလိုက်ရုံနဲ့ ပူးပေါင်းလို့ရတဲ့အခြေအနေမှာ အမြန်ဆုံးပူးပ...


“ခြေလေးတလှမ်း လှမ်းလိုက်ရုံနဲ့ ပူးပေါင်းလို့ရတဲ့အခြေအနေမှာ အမြန်ဆုံးပူးပေါင်းကြစေချင်ပါတယ်”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၂၇- ၁- ၂၀၂၄)

“စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းလာမယ်ဆိုရင် တော်လှန်ရေးတပ်တွေဖက်က အသက်အာမခံတဲ့အပြင် အားလုံးအဆင်ပြေအောင်လုပ်ပေးနေမချိန်မှာ အမြန်ဆုံးပူးပေါင်းစေချင်တယ်။ ပူးပေါင်းဖို့အတွက် အရင်လို အဝေးကြီးသွားနေစရာမလိုဘူး။ စခန်းအပြင်ကို ခြေလေးတလှမ်း လှမ်းလိုက်ရုံပါပဲ” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

စစ်ကောင်စီဖက်က လက်နက်ချမှုများလာတဲ့အခြေအနေ၊ တော်လှန်ရေးဖက်က ဘက်ပြောင်းဖို့ ကမ်းလှမ်းမှုအခြေအနေ၊ စစ်ကောင်စီထိပ်တန်း ဗိုလ်ချုပ်မှူးကြီး ၂ ဦးကြားမှာ ကွဲပြဲမယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- အပစ်ရပ်သဘောတူချက်ကို စစ်ကောင်စီဖက်က အကြိမ်ကြိမ်ချိုးဖောက်မှုကြောင့် ရှမ်းမြောက်မှာ တိုက်ပွဲကြီးတွေ ပြန်ဖြစ်လာနိုင်သလား...

- စစ်သားတွေဘက်ပြောင်းမယ်ဆိုရင် အသက်အာမခံတဲ့အပြင် မူလရာထူးကိုပါ ပြန်ပေးမယ်ဆိုတဲ့ကမ်းလှမ်းချက်...

- စကစ ဥက္ကဌနဲ့ ဒုက္ကဌကြား အားပြိုင်မှု ဘယ်လောက်ကြီးမားနေပြီလဲ...

- ခြေလေးတလှမ်း လှမ်းလိုက်ရုံနဲ့ ဘက်ပြောင်းလို့ရနေချိန်မှာ တပ်ရင်းအလိုက် ဘက်ပြောင်းမှူတွေ ဖြစ်လာနိုင်သလား... 

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အသစ်ပေါ်လာတဲ့ လွတ်မြောက်နယ်မြေတွေမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး ဘယ်လိုဆောင်ရွက်သင့်သလဲ... ဥပဒေပညာရှင် ဦးအောင်ထူးနှင့် မေးမြန်းချက်ကို မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More