Wednesday, January 10, 2024

“ရခိုင်၊ ရှမ်းမြောက်၊ ကရင်နီနှင့် ပဲခူးတိုင်းက တိုက်ပွဲသတင်းများ...”


“ရခိုင်၊ ရှမ်းမြောက်၊ ကရင်နီနှင့် ပဲခူးတိုင်းက တိုက်ပွဲသတင်းများ...”

(၁၁- ၁- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့အခြေစိုက် ခမရ (၃၇၉) ၊ (၃၈၀) နှင့် (၅၄၁)
စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ပြီး
စစ်ကောင်စီဖက်က အကျအဆုံးများတယ်လို့ ည ၁၂ နာရီထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး
၇၆ ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

တအာင်းနယ်မြေမှာတော့ မိုးမိတ်မြို့နယ်နဲ့ သီပေါမြို့နယ်တို့မှာ
တအာင်းတပ်မတော် PSLF/TNLA နဲ့ စစ်ကောင်တပ်တို့ကြား တိုက်ပွဲဖြစ်ပါတယ်။

ဒါ့အပြင်...

- နမ်ဆမ့်တိုက်ပွဲအတွင်း TNLA ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့  ၁၀၁
တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းက လူထုအပေါ်
ဗုံးကြဲတာတွေရပ်တပ်ဖို့ စစ်ကောင်စီဥက္ကဌကိုတောင်းဆို...

- လောက်ကိုင်မြို့ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့်ဗုံးကြဲ...

- ဟိုပန်နဲ့ ပန်လုံမြို့တို့ကို UWSA ရဲ့ ထိန်းချုပ်မှုအောက်
ထည့်သွင်းတဲ့ အခမ်းအနားကျင်းပ...

- ကရင်နီဒေသ ဖယ်ခုံမြို့မှာ တိုက်ပွဲတွေပြင်းထန်...

- ပဲခူတိုင်း ရေတာရှည်မြို့နယ် ကွမ်းအုံကျေးရွာရှိ စစ်ကောင်စီတပ်ကို
နေပြည်တော်-PDF က ဝင်ရောက်တိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More