Thursday, January 18, 2024

“စစ်အနိုင်တိုက်ပြီးမှ စကားပြောတဲ့လုပ်ဟန်ကို ပြည်မက လူတွေ အတုယူသင့်တယ်”


“စစ်အနိုင်တိုက်ပြီးမှ စကားပြောတဲ့လုပ်ဟန်ကို ပြည်မက လူတွေ အတုယူသင့်တယ်”

- ဦးစိန်ဌေး (နိုင်ငံရေးဘောဂဗေဒ လေ့လာသူ)

(၁၈ - ၁ -၂၀၂၄)

“၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ ညီနောင် ၃ ဖွဲ့က စစ်အနိုင်တိုက်ရေးကို ဦးစားပေးပြီး စစ်တိုက်နေစဉ်မှာ ဘာအသံမှမထွက်တာ၊ နယ်မြေတွေကို လုံးဝအပိုင်သိမ်းပိုက်ပြီးမှ အုပ်ချုပ်ရေးချတဲ့လုပ်ဟန်တွေဟာ ပြည်မက တော်လှန်ရေးတပ်တွေအတွက် အတုယူစရာဖြစ်တယ်” လို့ နိုင်ငံရေးဘောဂဗေဒ လေ့လာသူ ဦးစိန်ဌေးက ပြောပါတယ်။

တရုတ်ရဲ့ကြားဝင်မှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ပြီးနောက် ဘာတွေဆက်ဖြစ်လာနိုင်သလဲ၊ တရုတ်လွှမ်းမိုးမှု ပိုများလာနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- နယ်စပ်ကုန်သွယ်ရေးအပြင် တရုတ်ရဲ့အဓိက စီးပွားရေးစီမံကိန်းတွေက ဘာတွေလဲ...

- တရုတ်နယ်စပ်မှာလိုပဲ အိန္ဒိယနယ်စပ်မှာလည်း AA နဲ့ CNF ကို အိန္ဒိယအစိုးရက ဆွေးနွေးလာနိုင်သလား...

- ညီနောင် ၃ ဖွဲ့နဲ့ NUG ရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေမှာ ဘာတွေတူပြီး ဘာတွေအားနည်းချက်ရှိနေသလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ထိုင်းနယ်စပ်မှာလည်း တရုတ်နဲ့အိန္ဒိယနယ်စပ်လို အခြေအနေတွေ မကြာခင် ဖြစ်လာနိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More