Thursday, January 25, 2024

“နမ့်ဖတ်ကာတိုက်ပွဲမှာ လက်နက်များစွာသိမ်းမိ၊ ရခိုင်မှာ တိုက်ပွဲပြင်းထန်နေ...


“နမ့်ဖတ်ကာတိုက်ပွဲမှာ လက်နက်များစွာသိမ်းမိ၊ ရခိုင်မှာ တိုက်ပွဲပြင်းထန်နေ”
(နောက်ဆုံးရ တိုက်ပွဲသတင်းများ)

(၂၆- ၁ - ၂၀၂၄)

ရှမ်းမြောက်ဒေသ လားရှိုး -မူဆယ် အဝေးပြေးလမ်းပေါ်ရှိ ကွတ်ခိုင်မြို့နယ်ထဲက ဗျုဟာအရအရေးကြီးတဲ့ နမ့်ဖတ်ကာရွာ ခလရ (၁၂၃) တပ်စခန်းကို အပြီးသိမ်းနိုင်ခဲ့ပြီဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ် (KIA) ပြောခွင့်ရက BNN ကိုပြောပါတယ်။

တလနီးပါးကြာ တိုက်ခိုက်ခဲ့ရတာဖြစ်ပြီး လက်နက်ကြီးတွေပါ သိမ်းမိတယ်လို့ KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပြပါတယ်။ 

တဆက်တည်းမှာပဲ နမ့်ဖတ်ကာတိုက်ပွဲအတွင်း KIA က ပစ်ချလိုက်တဲ့ စစ်ကောင်စီတိုက်လေယာဉ်ရဲ့ အပျက်အစီးအပိုင်းအစတွေကို တွေ့ရတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖေါ်ပြထားပါတယ်။ 

ဒါ့အပြင်...

- မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်တို့မှာ (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေ...

- တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်မြို့နယ်၊ ပိန်ပြစ်ကျေးရွာသို့ စစ်ကောင်စီဖက်မှ စစ်ကား (၄) စီးဖြင့် ဝင်ရောက်လာပြီး တိုက်ခိုက်...

- ရှမ်းတောင်ဒေသရှိ ဆီဆိုင်မြို့မှာ စစ်ကောင်စီက တပ်စခန်းတွေကိုစွန့်သွားတဲ့အတွက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PNLO/PNLA နဲ့ ကရင်နီ မဟာမိတ် တော်လှန်ရေးအင်အားစုတွေက ဆီဆိုင်မြို့နေရာအများစုကို သိမ်းပိုက်...

-  (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၁) ကို NUG က လက်နက်တပ်ဆင်ပေး...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More