“ရခိုင်၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာလည်း ရှမ်းမြောက်မှာဖြစ်သလို
ဖြစ်လာနိုင်ပါတယ်”
လင်းထက်အောင် (CDM - ဗိုလ်ကြီး)
(၉ - ၁- ၂၀၂၄)
“၂၀၂၄ ရဲ့ ပထမ ၄ လအတွင်း ရခိုင်၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာလည်း
ရှမ်းမြောက်မှာဖြစ်သလို မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်” လို့ CDM
- တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။
လက်ရှိ တပ်မတော်အခြေအနေ ဘယ်လောက်အထိဆိုးနေသလဲ၊ ၂၀၂၄ ပထမ ၄ လပတ်မှာ
စစ်ကောင်စီ ဘယ်လိုဖြစ်သွားနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက
ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- လက်ရှိစစ်တပ်အနေအထား ဘယ်လောက်အထိ အခြေအနေဆိုးနေသလဲ...
- ရခိုင်၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရှမ်းမြောက်လို အခြေအနေတွေ
မကြာခင် မြင်တွေ့လာရနိုင်သလား...
- “ရွှေဘ နောက်ပိုင်းကြမ်းမည်” ဆိုတဲ့ခေတ် တကယ်ကုန်သွားပြီလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်
0 comments:
Post a Comment