Tuesday, January 30, 2024

“ရထားတဲ့အောင်မြင်မှု ခိုင်မာဖို့နဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့အရေးမှာ ...


“ရထားတဲ့အောင်မြင်မှု ခိုင်မာဖို့နဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့အရေးမှာ လက်ရှိအမြင်နဲ့တင် မလုံလောက်ဘူး” 

- ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ)

(၃၀ - ၁- ၂၀၂၄)

“အသစ်ပေါ်ထွက်လာတဲ့ လွတ်မြောက်နယ်မြေတွေ ရေရှည်ခိုင်မာရေးနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတိုက်ပွဲကို ဆက်သွားမယ်ဆိုရင် လက်ရှိသွားနေတဲ့ တိုက်ယူရေးအမြင်အပြင် နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ ဥပဒေကြောင်းအရအမြင်တွေကိုပါ ထည့်ပေါင်းဖို့လိုအပ်တယ်” လို့ ဥပဒေအထောက်အကူပြုအဖွဲ့တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

လွတ်မြောက်နယ်တွေပေါ်လာလို့ ခွဲထွက်မှာကို စိုးရိမ်သင့်သလား၊ တစိပ်တပိုင်း လွတ်မြောက်ရေးကနေ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ဘယ်လိုဆက်လက်တိုက်ပွဲဝင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ...

- လွတ်မြောက်နယ်မြေတွေမှာ ယာယီအုပ်ချုပ်ရေးနဲ့သွားသင့်သလား... ဒီမိုကရေစီနည်းက ရွေးကောက်ပွဲနဲ့သွားသင့်သလား...

- ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေးပဲနဲ့ ဥပဒေပြုရေး ဘယ်လိုလုပ်ရမလဲ...

- ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်တပ်ရှိတဲ့ ERO တွေကြားမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ERO တွေနဲ့ NUG ကြားမှာ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ၃ နှစ်တာအတွင်း ဘယ်လောက်အထိ ဆွေးနွေးပြီးပြီလဲ... KNU ပြောခွင့်ရနဲ့မေးမြန်းချက်ကို မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More