Tuesday, January 16, 2024

“တိုက်ပွဲတခုနဲ့တခုကြားမှာ ယာယီအပစ်ရပ်တာရှိနိုင်ပေမယ့် တော်လှန်ရေးကြီးတခု...


“တိုက်ပွဲတခုနဲ့တခုကြားမှာ ယာယီအပစ်ရပ်တာရှိနိုင်ပေမယ့် တော်လှန်ရေးကြီးတခုလုံးအနေနဲ့ကတော့ စစ်ရှိန်လျော့သွားစရာ အကြောင်းမရှိပါဘူး”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး- CNF)

(၁၇- ၁- ၂၀၂၄)

“ရှမ်းမြောက်ဒေသရဲ့ အခြေအနေအရ တိုက်ပွဲတခုနဲ့တခုကြားမှာ ယာယီအပစ်ရပ်တာမျိုးရှိနိုင်ပေမယ့် တော်လှန်ရေးကြီးတခုလုံးအနေနဲ့ကတော့ စစ်ရှိန်လျော့သွားစရာအကြောင်းမရှိပါဘူး” လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုကြောင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ရှမ်းမြောက်ဒေသမှာ ယာယီအပစ်ရပ်တယ်လို့ကြေညာပြီးတဲ့နောက် နွေဦးတော်လှန်ရေးအရှိန်အဟုန်ကျသွားနိုင်သလား...ဆိုတဲ့ လူငယ်တွေရဲ့စိုးရိမ်ချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- တီးတိန်မြို့နယ်ရှိ သိုင်းငင်းစစ်ကောင်စီတပ်စခန်းသိမ်းပွဲ နောက်ဆုံးအခြေအနေ...

- စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်များ...

- ညီနောင် ၃ ဖွဲ့ ရှမ်းမြောက်မှာအပစ်ရပ်လိုက်တဲ့အတွက် နွေဦးတော်လှန်ရေး စစ်ရှိန်လျော့ကျသွားနိုင်သလား...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More