Monday, January 15, 2024

“အပစ်ရပ်ရေးသဘောတူချက်အပေါ် တရုတ်ဖိအား သိပ်များနေသလား”


“အပစ်ရပ်ရေးသဘောတူချက်အပေါ် တရုတ်ဖိအား သိပ်များနေသလား”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၆- ၁- ၂၀၂၄)

“ရှမ်းမြောက်ဒေသ အပစ်ရပ်ရေးအပါဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် တရုတ်အစိုးရက ထဲထဲဝင်ဝင် ဖိအားပေးမှုတွေ၊ သြဇာလွှမ်းမိုးမှုတွေလုပ်နေပေမယ့် ကုလသမဂ္ဂနဲ့ အမေရိကန်အပါဝင် အနောက်နိုင်ငံတွေကတော့ မြန်မာ့အရေးကို လစ်လျှူရှုထားသလိုဖြစ်နေတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာနိုင်သလဲ...  စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- ရှမ်းမြောက်မှာ အပစ်ရပ်ပေမယ့် ရခိုင်နှင့် အခြားနေရာတွေမှာ တိုက်ပွဲအရှိန် ဆက်မြင့်နေနိုင်သလား...

- ညီနောင် ၃ ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး ကြေညာချက်မှာပါတဲ့အတိုင်း စစ်ကောင်စီပြုတ်ကျတဲ့အထိ ဆက်တိုက်မှာလား...

- မြန်မာ့အရေးအပေါ် တရုတ်ပဲအဓိက ပါဝင်လာပြီး ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ အသံတိတ်နေတာ ဘာကြောင့်လဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More