Friday, December 8, 2023

“ဖားစည်ဟိန်းသံ” နှင့် “ဆော်လမွန်” ပူးပေါင်းစစ်ဆင်ရေးဖြစ်တယ်


“ဖားစည်ဟိန်းသံ” နှင့် “ဆော်လမွန်” ပူးပေါင်းစစ်ဆင်ရေးဖြစ်တယ်

(၉  -၁၂ -၂၀၂၃)

“ပဲခူူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့ရှိ ခမရ ၅၉၀၊ ခမရ ၅၉၉  တပ်ရင်းဌာနချုပ်တွေနဲ့အတူ မုန်းမြို့  မြို့မရဲစခန်း၊ မုန်းသာစည် တံတားကင်း၊ ကော့ပြင်း တပ်စခန်းတို့ကို တပြိုင်တည်း သိမ်းပိုက်တိုက်ခိုက်တာဟာ “ဖားစည်ဟိန်းသံ” နှင့် “ဆော်လမွန်” ပူးပေါင်းစစ်ဆင်ရေးရဲ့ ပထမခြေလှမ်းဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးမှာ KNLA, PDF,  BPLA တပ်တွေပါဝင်ပြီး စစ်ဆင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ 

တချိန်တည်းမှာပဲ ရှမ်းမြောက်ဒေရှိ MNDAA နဲ့ TNLA  ကလည်း စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ရခိုင်ဖက်မှာလည်း AA က ဒုတိယဗျူဟာကုန်း  နှုံးဘူးကို သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲအရှိန်မြှင့်နေတယ်လို့သိရပါတယ်။ 

ကရင်နီဒေသမှာလည်း လွိုင်ကော်မြို့သိမ်းတိုက်ပွဲက ပြင်းထန်နေတယ်လို့ KNDF စစ်ရေးချုပ် ခူရီးဒူက ပြောပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More