စစ်ကိုင်းတိုင်းက မော်လူးမြို့နဲ ပဲခူးတိုင်း ဖြူးမြို့က ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
(၁၃- ၁၂- ၂၀၂၃)
ဒီဇင်ဘာ ၁၃ ရက်၊ ညနေ ၆ နာရီအထိ ရထားတဲ့ တိုက်ပွဲသတင်းတွေထဲက ရှမ်းမြောက်ဒေသ တအာင်းနယ်မြေမှာ စစ်ကောင်စီတပ်ကို TNLA က တိုက်ခိုက်တဲ့သတင်းကို အရင်ဆုံးတင်ပြချင်ပါတယ်...
နမ့်ခမ်းမြို့က စခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ၃ ကြိမ်ချပေးခဲ့တဲ့ စစ်ကူအင်အား ၁၀၀ လောက်ကို PSLF/TNLA က ချေမှုန်းခဲ့တယ်။ စစ်ကောင်စီတပ် အကျအဆုံးများစွာနဲ့ထွက်ပြေးသွားပြီး လက်နက်မျိုးစုံ ၁၉ လက်နဲ့ ကျည်သေတ္တာတွေ၊ ဆေးဝါးနဲ့စစ်သုံးပစ္စည်းတွေ သိမ်းမိခဲ့တယ်လို့ TNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင်...
- မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတွေ့ဆုံတယ်ဆိုတဲ့သတင်းအပေါ် ပြည်သူတွေအနေနဲ့မစိုးရိမ်ကြဖို့ ညီနောင် ၃ ဖွဲ့ကပြော...
- ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်...
- စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဒီနေ့ သိမ်းပိုက်...
... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment