Wednesday, December 6, 2023

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီဗျုဟာကုန်း ၄ ခုကို တပြိုင်တည်းသိမ်းပိုက်


ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီဗျုဟာကုန်း ၄ ခုကို တပြိုင်တည်းသိမ်းပိုက်

(၆- ၁၂- ၂၀၂၃)

၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ MNDAA, TNLA, AA ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့တရက်တည်းမှာတင် စစ်ကောင်စီဗျုဟာကုန်း ၄ ခုကို တပြိုင်တည်း သိမ်းပိုက်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

လောက်ကိုင်၊ နမ့်ခမ်း၊ ကျောက်မဲနဲ့ ပလက်ဝမြိုနယ်ရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗျုဟာကုန်းတွေကို အခုလိုသိမ်းပိုက်တာဖြစ်ပြီး တာဝေးပစ်လက်နက်ကြီးတွေ၊ တာလတ်ပစ် မော်တာတွေ၊ လက်နက်ငယ်တွေအများအပြား သိမ်းပိုက်မိတယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ပဲခူးတိုင်းအတွင်းက မုန်းမြို့ကို သိမ်းပိုက်ထားတဲ့ KNLA နဲ့ မဟာမိတ်တပ်တွေကလည်း ဖမ်းမိသုံ့ပန်းနဲ့ သိမ်းမိလက်နက်တွေကို စာရင်းထုတ်ပြန်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More