“မြောက်ဦး-မင်းပြား ကားလမ်းပေါ်က “မြောင်းဘွေရဲစခန်း” ကို (AA) တိုက်ခိုက်နှင့် အခြားတိုက်ပွဲသတင်းများ....
(၂၉ - ၁၂- ၂၀၂၃)
ရခိုင်ပြည်နယ် မြောက်ဦး-မင်းပြား ကားလမ်းဘေးရှိ စစ်တပ်နဲ့ ရဲ ပူးတွဲပြီး လက်နက်ကြီးအထိုင်စခန်းအဖြစ် တပ်စွဲထားတဲ့ “မြောင်းဘွေရဲစခန်း” ကို ရက္ခိုင့်တပ်တော် (AA) က ဒီမနက် ၆ နာရီမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ည ၁၂ နာရီထုတ်ပြန်တဲ့ ညီနောင် ၃ ဖွဲ့ကြေညာချက်မှာ ဖေါ်ပြပါတယ်။
ဒီလိုတိုက်ပွဲဖြစ်နေစဉ်မှာ မြောက်ဦး “ခမရ (၅၄၀)”နဲ့ “ခမရ (၃၇၇)” တပ်ရင်းတွေ၊ မင်းပြားရှိ ကျိန်းတောင်တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတဲ့အတွက် မြို့တွင်းရှိ အရပ်သားတွေ ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါဟာ မနေ့ညက မြောက်ဦးရှိ ခရိုင်ရဲစခန်းကို သိမ်းပိုက်ပြီးနောက် AA က ဆက်တိုက် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေကား လမ်းမပေါ်ရှိ ဓါတ်အားခွဲစက်ရုံအရှေ့မှာလည်း (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဒါ့အပြင်...
- နမ္မတူမြို့ကို TNLA တပ်တွေက သိမ်းပိုက်၊ လက်နက်တွေ ရာနဲ့ချီရရှိ...
- ပဲခူးတိုင်း နတ်သံကွင်းနဲ့ ပဲနွယ်ကုန်းဖက်မှာ တိုက်ပွဲဖြစ်နေ...
- ကယားပြည်နယ် အစိုးရအဖွဲ့ရုံးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်...
--- စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment