Tuesday, December 12, 2023

ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီ ဆွေးနွေးဟုဆို


ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီ ဆွေးနွေးဟုဆို

(၁၂- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၁၂ ရက်၊ ညနေ ၆ နာရီအထိ ရထားတဲ့ အရေးကြီးသတင်းတွေထဲက စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ ညီနောင် ၃ ဖွဲ့ုကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကို အရင်ဆုံးတင်ပြချင်ပါတယ်။

တရုတ်နိုင်ငံရဲ့ကြားဝင်ညှိနိုင်းမှုအရ စစ်ကောင်စီရဲ့  “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ“ ဥက္ကဌ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့် တပ်တော်(AA)နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ကိုယ်စားလှယ်တွေ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တွေ့ဆုံတာဖြစ်တယ်လို့ စစ်ကောင်စီဖက်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင်...

-  TNLA နဲ့ AA ရဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်များ...

- မုန်းမြိုံနယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေယာဉ်ပေါ်ကနေ ပစ်ခတ်...

- စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့ပူးပေါင်းဖို့  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကမ်းလှမ်း...

-  တမူးခရိုင်မြောက်ပိုင်း၊ ဟုမ္မလင်းအနီးရှိ အောင်ဇေယျစခန်းကုန်းကို PDF တပ်တွေက သိမ်းပိုက်...

...စတဲ့အကြောင်းအရာတွေကို စုစည်းတင်ပြထားပါတယ်။

(ဆလိုင်းယောမာန်နှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် မနက်ပိုင်း ထုတ်လွှင့်မှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More