Friday, December 15, 2023

“မူဆယ် (၁၀၅) မိုင်စခန်း” တိုက်ပွဲပြင်းထန်နေ


“မူဆယ် (၁၀၅) မိုင်စခန်း” တိုက်ပွဲပြင်းထန်နေ

(၁၅- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၆ နာရီအထိ ရထားတဲ့ တိုက်ပွဲသတင်းတွေထဲက “မူဆယ် (၁၀၅) မိုင်စခန်း” မှာ တိုက်ပွဲပြင်းထန်နေတာကို အရင်းဆုံးတင်ပြချင်ပါတယ်။ 

စစ်ကောင်စီ၏ “မူဆယ် (၁၀၅) မိုင်စခန်း” ကို ညီနောင် (၃) ဖွဲ့ MNDAA, TNLA, AA တပ်တွေက ဒီဇင်ဘာလ (၁၄) ရက်နေ့၊ မနက် (၃:၃၀) အချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် (၁၁) ကြိမ်၊ Mi35 ရဟတ်ယာဉ်ဖြင့် (၂) ကြိမ်နှင့် မူဆယ်အခြေစိုက်တပ်စခန်းမှ အတွဲလိုက်ဒုံးကျည်ဖြင့် (၃) ကြိမ် ပစ်ခတ်ခဲ့တယ်လို့ မနေ့ညနှောင်းပိုင်းက ထုတ်ပြန်တဲ့ ညီနောင် ၃ ဖွဲ့ကြေညာချက်မှာဖေါ်ပြပါတယ်။  

ဒါ့အပြင်...

- နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်း၊  နမ့်ဆန်မြို့  ဘုရားကြီးကုန်းတို့မှာ မနေ့က တိုက်ပွဲဖြစ်ပြီး လက်နက် (၇)လက်နှင့် ကျည်ဆံတွေ သိမ်းမိတယ်လို့ TNLA က ပြော...

- ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီရဲ့ ဗျူဟာကုန်းတွေ၊ စစ်စခန်းတွေ၊ ရဲစခန်းတွေ၊ စစ်ဘက်နှင့်ရဲဘက် ပူးပေါင်းစခန်းတွေနဲ့ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စုစုပေါင်းစခန်း (၁၄၂) ခုကို ရက္ခိုင့်တပ်တော် (AA) က  သိမ်းပိုက်ရယူနိုင်ခဲ့...

- ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအား စတင်အကောင်အထည်ဖော်ခဲ့တဲ့ စစ်ရေး၊ နိုင်ငံ‌ရေး ရည်မှန်းချက်များကို မျှော်မှန်းထားသည့်အတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်နေမည်....

- ဒီနေ့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးထုတ်ပြန်ချက်မှာတော့... “တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာထောက်ခံအားပေးပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ်ဆောင်လျက်ရှိကြောင်း...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More