Monday, December 4, 2023

“လက်နက်မချရင်တော့ ချေမှုန်းခြင်းခံရမှာပဲလေ”


“လက်နက်မချရင်တော့ ချေမှုန်းခြင်းခံရမှာပဲလေ”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၅ -၁၂ -၂၀၂၃)

“စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို လက်နက်ချဖို့၊ ပြည်သူနဲ့ပူးပေါင်းဖို့ ကမ်းလှမ်းထားပြီးဖြစ်တယ်။ လက်နက်ချသူကို အသက်အာမခံတယ်လို့လည်း တရားဝင် ကြေညာချက်ထုတ်ထားပြီးဖြစ်တယ်။ ဒါကိုလက်မခံပဲ ဆက်တိုက်ရင်၊ ထွက်ပြေးရင်တော့ ချေမှုန်းခြင်းခံရမှာပဲဖြစ်တယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က အလံဖြူထောင်ပြီး ခလရ ၁၂၅ တပ်ရင်းတခုလုံး လက်နက်ချချိန်မှာ အဲဒါကို လက်မခံပဲ လူ ၁၀၀ လောက်နဲ့ထွက်ပြေးသွားတဲ့ ဗျုဟာမှူးနဲ့အဖွဲ့ကို MNDAA က ချေမှုန်းလိုက်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ...  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- လောက်ကိုင်မြို့ဝန်းကျင် တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- လက်နက်ချမယ့်သူ၊ ပြည်သူနဲ့ပူးပေါင်းသူတွေအတွက် ညီနောင် ၃ ဖွဲ့ရဲ့ ကမ်းလှမ်းချက်က ဘာလဲ...

- လောက်ကိုင်နဲ့ မူဆယ်က အရပ်သားတွေ ထွက်ခွာနိုင်မှုအခြေအနေ ဘယ်လိုရှိသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ပြောကြားထားချက်ဖြစ်ပါတယ်။ TNLA နဲ့ AA နယ်မြေတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် ကရင့်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေက ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းရှိ မုန်းမြို့ကို ဒီဇင်ဘာ ၄ ရက်နေ့မှာ သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ရင်း ၂ ခုနဲ့ မုန်းမြို့ မြို့မရဲစခန်းကို မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်တယ်။ တပ်ရင်းမှူးအပါဝင် စစ်ကောင်စီတပ်က အများအပြားလက်နက်ချတယ်လို့လည်းသိရပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More