Sunday, December 10, 2023

“စစ်ကောင်စီတပ်ကိုစွန့်ပြီး လူထုနဲ့ပူးပေါင်းဖို့ အကောင်းဆုံးအချိန်အခါကို ...


“စစ်ကောင်စီတပ်ကိုစွန့်ပြီး လူထုနဲ့ပူးပေါင်းဖို့ အကောင်းဆုံးအချိန်အခါကို ရောက်နေပြီဖြစ်တယ်”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (တပ်မတော်အရာရှိဟောင်း - ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ)

(၁၀ -၁၂ -၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေး ၄၅ ရက်ပြည့် အခြေအနေမှာ စစ်ကောင်စီဘက်က ရှုံးနိမ့်နေတာ သေချာနေပြီဖြစ်တဲ့အတွက် ပြည်သူ့အကျိုးလိုလားတဲ့ တပ်မတော်သားတိုင်း ပြည်သူနဲ့ ပူးပေါင်းဖို့ အကောင်းဆုံးအချိန်အခါကို ရောက်နေပြီဖြစ်တယ်၊ စစ်ကောင်စီတပ်ကိုစွန့်ပြီး ပြည်သူနဲ့အမြန်ဆုံးပူးပေါင်းကြပါ” လို့ တပ်မတော်အရာရှိဟောင်း၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တိုက်တွန်းလိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၄၅ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ရဲ့အခြေအနေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့အခြေအနေ၊ မျိးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေ ဒီအချိန်မှာ ဘာလုပ်သင့်သလဲ...  စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်ကောင်စီတပ် ဘယ်အချိန်ကတည်းက စတင်ပြိုကျ ပျက်စီးနေတာလဲ...

- ၁၀၂၇ စစ်ဆင်ရေးက ဘယ်အထိ ဦးတည်သွားနိုင်သလဲ...

- ဒီအချိန်မှာ တပ်မတော်သားတွေ ဘာလုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More