Saturday, December 30, 2023

“၂၀၂၃ အတွင်း အထူးခြားဆုံးအောင်မြင်မှုကတော့ ၁၀၂၇ စစ်ဆင်ရေးဖြစ်ပါတယ်”


“၂၀၂၃ အတွင်း အထူးခြားဆုံးအောင်မြင်မှုကတော့ ၁၀၂၇ စစ်ဆင်ရေးဖြစ်ပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိးသားညီညွတ်ရေးအစိုးရ)

(၃၀- ၁၂- ၂၀၂၃)

“၂၀၂၃ အတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ အထူးခြားဆုံးအောင်မြင်မှုကိုပြောပါဆိုရင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဖြစ်တယ်။ ဒါဟာ စစ်ရေးအရအပြင် နိုင်ငံရေးအရ၊ မဟာမိတ်ဆက်ဆံရေးအရပါ ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မနက်ဖန် ကုန်ဆုံးတော့မယ် ၂၀၂၃ အတွင်း တော်လှန်ရေးအင်အားစုတွေဖက်က အောင်မြင်မှုအရှိဆုံးတခုကို ပြောပြပါ- ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် နိုင်ငံခြားရေးဝန်ကြီးက အခုလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ....

- ၂၀၂၃ အတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ အဓိက အောင်မြင်မှုက ဘာလဲ....

- နိုင်ငံခြားရေးဝန်ကြီးရဲ့ နိုင်ငံတကာခရီးစဉ်တွေ ဘယ်လောက်အလုပ်ဖြစ်ခဲ့သလဲ...

- ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတကာရဲ့ မြန်မာပြည်အပေါ် ရှုမြင်ချက် ပြောင်းလဲလာသလား...

- တရုတ်၊ အိန္ဒိယ၊ ထိုင်း... အိမ်နီးချင်း ၃ နိုင်ငံနဲ့ တော်လှန်အင်အားစုတွေ ဘယ်လိုဆက်ဆံ ဆောင်ရွက်နေသလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၄ အတွက် NUG ရဲ့ မျှော်လင့်ချက်က ဘာလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More