Friday, December 15, 2023

မူဆယ် ၁၀၅ မိုင် ဗျုဟာကုန်းနဲ့ နမ့်ဆမ်မြို့တို့ကို ညီနောင်မဟာမိတ်တပ်များ...


မူဆယ် ၁၀၅ မိုင် ဗျုဟာကုန်းနဲ့  နမ့်ဆမ်မြို့တို့ကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်ဟု သတင်းထွက်...

(၁၅- ၁၂- ၂၀၂၃)

တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတဲ့ မူဆယ် ၁၀၅ မိုင် ဗျုဟာကုန်းနဲ့ နမ့်ဆမ်မြို့တို့ကို ညီနောင် မဟာမိတ်တပ်တွေက ဒီညနေပိုင်း (ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်း) မှာ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေရဲ့အပြောကို ကိုးကားပြီး သတင်းဌာနအချို့က ဖေါ်ပြနေပါတယ်။

ဒါပေမယ့် PSLF/TNLA ပြောခွင့်ရပုဂ္ဂိုလ်ရုံး တာဝန်ခံအမျိုးသမီးကတော့ တိုက်ပွဲတွေပြင်းထန်နေတာမှန်ပေမယ့် အလုံးစုံသိမ်းနိုင်လိုက်ပြီဆိုတာကိုတော့ အတည်ပြုချက်ပေးဖို့ ခက်နေဆဲဖြစ်တယ်လို့ ဒီနေ့ (ဒီဇင်ဘာလ ၁၅ ရက်) ညနေ ၈ နာရီခန့်မှာ BNN ကို ပြောပါတယ်...

ဒါ့အပြင်...

- ကွတ်ခိုင်နဲ့ မန်တုံဖက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီကတော့ အရပ်သားပစ်မှတ်တွေကို ပစ်ခတ်နေ...

- တရုတ်နဲ့  စစ်ကောင်စီဖက်ကပြောနေတာတွေကို အလေးမထားပဲ ၁၀၂၇ စစ်ဆင်ရေးရဲ့ မူလကြေညာချက်အတိုင်း ဆက်လုပ်သွားမယ်...

... စတဲ့ အကြောင်းအရာတွေကို တင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More