Thursday, December 14, 2023

“ဆွေးနွေးရမယ့် အချိန်မဟုတ်ဘူး၊ စစ်အုပ်စု ပြုတ်ကျအောင်တိုက်ရမယ့်အချိန်ဆို...


“ဆွေးနွေးရမယ့် အချိန်မဟုတ်ဘူး၊ စစ်အုပ်စု ပြုတ်ကျအောင်တိုက်ရမယ့်အချိန်ဆိုတာ သူတို့လည်းသိပါတယ်”

- ရဲဘော်လောရင်စိုး (တွဲဖက်အထွေထွေအတွင်းရေးမှူး - ကလလတ)

(၁၅- ၁၂- ၂၀၂၃)

“အခုအချိန်ဟာ စစ်အုပ်စုနဲ့ ဆွေးနွေးရမယ့်အချိန်မဟုတ်ဘူး။ စစ်အုပ်စုပြုတ်ကျအောင် အားလုံးဝိုင်းတိုက်ရမယ့်အချိန်ဖြစ်တယ်ဆိုတာ သူတို့လည်းသိပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ ကာလကို ပြန်သွားလို့မရတော့ဘူးဆိုတာ အားလုံးသိပါတယ်” လို့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်စိုးက ပြောပါတယ်။

ကရင်နီပြည်က တိုက်ပွဲအခြေအနေ၊ ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတွေ့ဆုံလို့ နွေဦးတော်လှန်ရေးအရှိန် ကျသွားနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မယ်စဲ့၊ လွိုင်ကော်နှင့် ကရင်နီပြည်က တိုက်ပွဲအခြေနေ ထူးခြားချက်များ..

- ဒီနေ့လူငယ်တွေရဲ့ တက်ကြွမှုနဲ့ ရဲရင့်မှုအပေါ် ဘယ်လိုမြင်သလဲ...

- ၁၉၉၄ လွန်ခဲ့တဲ့ နှစ် ၃၀ ကအခြေအနေကို ပြန်သွားလို့မရတော့ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More