“မူဆယ်နဲ့ သီပေါမှာ စခန်းသိမ်းတိုက်ပွဲတွေရှိတယ်၊ စခန်း ၃၀၀ နီးပါးသိမ်းထားနိုင်ပြီ”
- ပြောရေးဆိုခွင့်ရှိသူရုံး တာဝန်ခံ (PSLF / TNLA)
(၁ -၁၂- ၂၀၂၃)
“ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်နဲ့ သီပေါမှာ ဒီနေ့ စခန်းသိမ်းတိုက်ပွဲ နှစ်ခုရှိခဲ့ပြီး စစ်ကောင်စီဖက်က အကျအဆုံးများတယ်၊ လက်နက်ကြီး လက်နက်ငယ်တွေသိမ်းမိတယ်၊ ညီနောင် ၃ ဖွဲ့ရဲ့ ၃၅ ရက်တာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းပေါင်း ၃၀၀ နီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်” လို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး၊ တအာန်းအမျိုးသားတပ်မတော် (PSLF / TNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူရုံး တာဝန်ခံက BNN ကိုပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့ ထူးခြားတုက်ပွဲအခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေး ၃၆ ရက်တာထူးခြားချက်တွေအကြောင်း ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...
- မူဆယ်၊ သီပေါဖက်က စခန်းသိမ်းတိုက်ပွဲတွေရဲ့ အခြေအနေ...
- MDY-PDF နဲ့ TNLA ကြား ပူးပေါင်းဆောင်ရွက်မှုအနေအထား...
- ၁၀၂၇ စစ်ဆင်ရေး ၃၆ ရက်တာအတွင်း အောင်မြင်မှုများ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment