Thursday, December 21, 2023

စစ်ကောင်စီဘက်က လက်နက်ချသူ ပိုများလာနေခြင်းနှင့် နောက်ဆုံးရ တိုက်ပွဲသတင်း...


စစ်ကောင်စီဘက်က လက်နက်ချသူ ပိုများလာနေခြင်းနှင့် နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၂- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၁၂ နာရီအထိရထားတဲ့ တိုက်ပွဲသတင်းတွေထဲက မြောက်ပိုင်းညီနောင် ၃ ဖွဲရဲ့လှုပ်ရှားမှုကို အရင်ဆုံးတင်ပြချင်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး (၅၆)ရက်မြောက်နေ့မှာလည်း ရှမ်းမြောက်ဒေသရှိ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ မိုးကုတ်၊ လားရှိုးမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က လေယာဉ်နဲ့ လက်နက်ကြီးတွေအသုံးများလာတယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့အတွက် စခန်းသိမ်းတိုက်ပွဲသတင်းမတွေ့ရပေမယ့် ကွတ်ခိုင်ဗျုဟာ လက်အောက်ခံ ခလရ-၄၅ တပ်က တပ်ကြပ် ကိုနိုင်ဟာ လက်နက်ငယ် (၁)လက်၊ RPG-7 (၁)လက်နဲ့ ခဲယမ်းတွေယူလာပြီး လက်နက်အပြည့်အစုံနဲ့ PSLF/TNLA ထံ လက်နက်လာချတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

-  ကွတ်ခိုင်မြို့နယ်ရှိ နမ့်ခိုင်တံတား စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ KIA
ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့အကြောင်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောကြားချက်...

- ရခိုင်ဖက်မှာ စစ်ကောင်စီနဲ့ AA တပ်တွေ တိုက်ပွဲပြင်းထန်တဲ့အပြင် တိုက်ပွဲမရှိတဲ့နေရာတွေကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အကြောင်း...

- ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဖက်မှာတော့ တလောက တိုက်ပွဲဖြစ်ခဲ့တဲ့ မုန်းမြို့ရှိ ဈေးဆိုင်တန်းတွေကို စစ်ကောင်စီတပ်တွေက ၂၀ ရက်နေ့ ညနေမှာ လာရောက်မီးရှို့သွားတဲ့သတင်း...

-  ခမရ-၁၀၂ တပ်ရင်းက ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်း အပါဝင် စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်သား ၆ ဦး လက်နက်အပြည့်အစုံနဲ့ KNU ထဲ့ လာရောက်ပူးပေါင်းတဲ့အကြောင်း...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More