Friday, December 22, 2023

“ရွာထဲ ပစ္စည်းဝင်ခိုးနေတဲ့ စစ်သားတွေကိုပစ်တာ ကျဆုံးသူက စကစ တပ်ရင်းမှူးဖြ...


“ရွာထဲ ပစ္စည်းဝင်ခိုးနေတဲ့ စစ်သားတွေကိုပစ်တာ ကျဆုံးသူက စကစ တပ်ရင်းမှူးဖြစ်နေတယ်”

(၂၂- ၁၂- ၂၀၂၃)

မကွေးတိုင်း ယောနယ်ဖက်က တိုက်ပွဲတခုမှာ စစ်ကောင်စီတပ်ရင်းမှူးအပါဝင် ၃ ဦးကျဆုံးတဲ့အကြောင်းကို အရင်ဆုံးတင်ပြလိုပါတယ်။ ဂန့်ဂေါခရိုင်၊ ထီးလင်းမြိုနယ်ရှိ စစ်တပ်နဲ့ရဲ ပူးတွဲစခန်းထိုင်ထားတဲ့ ရေမျက်နီ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ပထမ သီတင်းပတ်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ယောနယ် PDF တပ်ရင်းမှူးတဦးကပြောပါတယ်။

အင်အား ၁၀၀ ကျော် စစ်ကြောင်းက စစ်သားအချို့ ကျေးရွာထဲဝင်ပြီး နေအိမ်တွေကနေပစ္စည်းတွေခိုးယူနေစဉ် PDF တွေက ပစ်ခတ်တဲ့အတွက် ဂန့်ဂေါက စစ်ကူလာတဲ့ တပ်ရင်းမှူးနဲ့ ရဲဘော် ၂ ဦးသေဆုံးခဲ့တယ်လို့ ယောဒေသအခြေစိုက် PDF တပ်ရင်းမှုးက  BNN ကို ပြောပါတယ်...

ဒါ့အပြင်... 

-  ဂန့်ဂေါ-ဟားခါး ကားလမ်းပေါ်ရှိ ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက ဒီဇင်ဘာ ၁၈ ရက်မှာ သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဖက်က ဗိုလ်ကြီးတဦးအပါဝင် ၆ ဦးကို အရှင်ဖမ်း၊ 60 -မမ လက်နက်ကြီး ၂ လက်၊ ပစ်စတိုတလက်အပါဝင် လက်နက်မျိုးစုံ ၄၀ ကျော်ရရှိ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More