Saturday, December 9, 2023

“ကရင်နီစစ်ဘေးရှောင်တွေ ရိက္ခာမရအောင် စစ်ကောင်စီက ကန့်သတ်ထားတယ်”


“ကရင်နီစစ်ဘေးရှောင်တွေ ရိက္ခာမရအောင် စစ်ကောင်စီက ကန့်သတ်ထားတယ်”

- ဗညားခွန်အောင် (ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KHRG)

(၉ - ၁၂- ၂၀၂၃)

“ပင်လောင်းဒေသဖက် ရောက်သွားတဲ့ ကရင်နီစစ်ဘေးရှောင် နှစ်သောင်းခန့်ကို
ရိက္ခာနဲ့ဆေးဝါးမရအောင် စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားတယ်။
စစ်ဘေးရှောင်တွေအပြင် ပင်လောင်းဒေသခံတွေပါ ရိက္ခာ၊ ဆေးဝါး
အခက်ခဲရှိနေတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) တည်ထောင်သူ
ဗညားခွန်အောင်က BNN ကိုပြောပါတယ်။

ကရင်နီပြည် လွိုင်ကော်တိုက်ပွဲကနေ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ၄
သောင်းကျော်ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော်
မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

-  လွိုင်ကော်မြို့တိုက်ပွဲအခြေအနေနဲ့ စစ်ဘေးရှောင်တွေရဲ့ နောက်ဆုံးအခြေအနေ...

- ဘာသာရေးအဆောက်ဦတွေထဲ စစ်စခန်းထိုင်ပြီး
အရပ်သားပစ်မှတ်တွေကိုဗုံးကြဲနေခြင်းဟာ စစ်ကောင်စီရဲ့ ဗျုဟာတခုလား...

- ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ဘေးရှောင်တွေကို ဘာတွေ ကူညီပေးနေသလဲ...

- ထိုင်း- နယ်စပ်ဖြတ်အကူအညီပေးနိုင်အောင် နိုင်ငံတကာရောက် မြန်မာတွေ
ဘာလုပ်ပေးနိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More