Sunday, December 24, 2023

“မန်တုံမြို့ကို TNLA က သိမ်းပိုက်၊ လက်နက်အများအပြားရရှိ”


“မန်တုံမြို့ကို TNLA က သိမ်းပိုက်၊ လက်နက်အများအပြားရရှိ”

(၂၄- ၁၂- ၂၀၂၃)

ရှမ်းမြောက်ဒေသ မန်တုံမြို့ရှိ စစ်ကောင်စီရဲ့နောက်ဆုံးခံတပ် (ခလရ ၁၃၀) ကို ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေမှာ သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ TNLA က ဒီမနက် သတင်းထုတ်ပြန်ပါတယ်။  

ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ (၄)ရက်ကြာ တိုက်ပွဲအတွင်း ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ (ပြည်သူစစ်) တပ်စခန်း၊ ရဲစခန်းနဲ့ စကစ ဌာနဆိုင်ရာရုံး အားလုံးကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ PSLF/ TNLA ပြောခွင့်ရပုဂ္ဂိုလ်ရုံး တာဝန်ခံက BNN ကို ပြောပြပါတယ်....

အဝေးပစ် ဟာဝစ်ဇာ အမြောက် ၂ လက်အပါဝင် လက်နက်မျိုးစုံ ရာနဲ့ချီသိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ...

- TNLA နယ်မြှော ၄ မြို့၊ MNDAA နယ်မြေမှာ ၇ မြို့၊ စစ်ကိုင်းမှာ ၄ မြို၊ ချင်းမှာ ၇ မြို့၊ ကရင်နီမှာ ၂ မြို့ သိမ်းမိပြီးဖြစ်...

- MNDAA နဲ့  AA ဒေသမှာလည်း တိုက်ပွဲတွေဖြစ်နေ...

- ကရင်-ကရင်နီနယ်စပ် တောင်ငူ-လိပ်သိုလ် -လွိုင်ကော်ကားလမ်းပေါ်ရှိ စစ်ကောင်စီ ထောက်ပို့အတွက် အရေးကြီး တံတားတခုကို တော်လှန်ရေးတပ်တွေက ဖျက်ဆီး...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More