Friday, December 29, 2023

“ပလက်ဝမြို့ နယ်ရှိ ခဝဲဗျူဟာကုန်းနှင့် ပွိုင့် (၃၇၇)ကုန်းတို့ကို AA သိမ်း...


“ပလက်ဝမြို့ နယ်ရှိ ခဝဲဗျူဟာကုန်းနှင့် ပွိုင့် (၃၇၇)ကုန်းတို့ကို AA သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ

(၃၀- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၂၉ ရက် ည ၁၂ နာရီအထိရထားတဲ့သတင်းတွေထဲက ...ရခိုင်ပြည်နယ်က တိုက်ပွဲအခြေအနေကို အရင်ဆုံးတင်ပြချင်ပါတယ်။ ပလက်ဝမြို့ နယ်ရှိ ခဝဲဗျူဟာကုန်းနဲ့ ပွိုင့် (၃၇၇) ကုန်းတို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့  ရခိုင့်တပ်တော် AA က ညနေ ၁၀ နာရီခန့်မှာ သတင်းထုတ်ပြန်ပါတယ်။

ခဝဲဗျုဟာကုန်းကို ဒီဇင်ဘာ ၂၇၊ မနက် ၆ နာရီ ၁၀ မီနစ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကို ဒီဇင်ဘာ ၂၈ ရက် မနက် ၉ နာရီ ၂၀ မှာ သိမ်းပိုက်တာဖြစ်တယ်လို့ AA က ပြောပါတယ်။

ဒ့ါအပြင် မြောက်ဦးမြို့ ခရိုင်ရဲစခန်းကိုလည်း ဒီဇင်ဘာ (၂၆) ရက်နေ့၊ ည (၉) နာရီအချိမှာ သိမ်းပိုက်ခဲ့တယ်လို့ AA ကြေညာချက်မှာဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် PSLF/ TNLA က ဝင်ရောက်တိုက်ခိုက်...

-  သီပေါ-နမ္မတူအကြား အဓိကလမ်းပေါ်က မိုးတေချောင်းတံတားကို စစ်ကောင်စီက ဗုံးခွဲဖျက်ဆီး...

- ကရင်နီဒေသမှာတော့ ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေးနဲ့ လွယ်ပတာ စစ်ကောင်စီတပ်စခန်းကုန်း ၂ ခုကို ကရင်နီမဟာမိတ်တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်...

-  စစ်ကိုင်းတိုင်း တမူးမြို့နယ် ဟုမ္မမလင်းဖက်မှာတော့ စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ပြိး လက်နက်လ ၆ လက်သိမ်းမိ...

-  မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို  တော်လှန်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More